စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် ဧပြီလ ၂၃ ရက်၊ ညပိုင်းကက ညမထွက်ရ အမိန့်အား ဆန့်ကျင်၍
အပြင်ထွက်လာသူ အမျိုးသား ၂ ဦးအနက် တစ်ဦးကို ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ကြောင်း
သိရသည်။
.
.
အေးသာယာမြို့နေ ရန်လင်းအောင်နှင့်
ဘုန်းပြည့်မောင်မောင် (ခ)ဘုန်းပြည့် တို့ ၂ ဦးသည် ဧပြီလ ၂၃ ရက် ညပိုင်းက ညမထွက်ရအမိန့်ကို
ဆန့်ကျင်၍ ပြင်ပ၌ ရောက်ရှိနေသဖြင့် တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က
ဧပြီလ ၂၄ ရက်တွင် တောင်ကြီးမြို့နယ်တရားရုံး၌ ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
အဆိုပါ ဦးတိုက်လျှောက်ထားမှုနှင့် ပတ်သက်၍
တောင်ကြီးမြို့နယ် တရားရုံးမှ ရာကြီးမှု အမှတ် (၅၆၇/၂၀၂၀)ဖြင့် စစ်ဆေးပြီး
ရန်လင်းအောင်အား ရာဇသတ်ကြီး ပုဒ်မ ၁၈၈ အရ အလုပ်နှင့် ထောင်ဒဏ် (၃)လ ချမှတ်ခဲ့ကာ
ဘုန်းပြည့်မောင်မောင်(ခ) ဘုန်းပြည့်အား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.