ခွန်သန်းအောင်
.
ရှမ်းပြည်နယ်
တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ဆိုင်ကယ် ခိုးယူသူအား ဖမ်းဆီးရမိပြီးနောက်
သက်သေခံ ဆိုင်ကယ်အား ဧပြီလ ၁၈ ရက်က လိုက်လံ
သိမ်းဆည်းနိုင်ခဲ့ကြောင်း အောင်ပန်းနယ်မြေရဲစခန်းထံမှ သိရသည်။
.
အောင်ပန်းမြို့၊
ညောင်ပင်ထောင်ရပ်ကွက်၊ ပြည်သာယာ အောက်ဈေးရှိ ကြက်သွန်ဖြူ ပွဲရုံရှေ့တွင်
ရပ်ထားသည့် ဆိုင်ကယ်အား ခိုးယူခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊
အရှေ့ပြင်ရပ်ကွက်ရှိ နေအိမ် တစ်အိမ်သို့ ပို့ဆောင်ထားကြောင်း ညောင်ပင်ထောင်ရပ်ကွက်၊
နယ်မြေ(၅) နေ ဖိုးသင်္ကြန်၏ ထွက်ဆိုချက်အရ သက်သေခံ ဆိုင်ကယ်အား သွားရောက် သိမ်းဆည်းနိုင်ခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
အောင်ပန်းမြို့၊
အမှတ်(၄) ရပ်ကွက်နေ ဦးစိုးသိန်းသည် ဧပြီလ ၁၆ ရက်တွင် ၎င်းပိုင် မော်တော်ဆိုင်ကယ်အား
ပြည်သာယာ အောက်ဈေးရှိ ကြက်သွန်ဖြူ ပွဲရုံရှေ့တွင် ရပ်ထားစဉ် ပျောက်ဆုံးခဲ့ခြင်း
ဖြစ်ပြီး ဆိုင်ကယ်အား လိုက်လံ ရှိဖွေသော်လည်း တွေ့ရခြင်း မရှိတော့သဖြင့် အောင်ပန်းနယ်မြေ
ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ
ဆိုင်ကယ် ခိုးယူသူ ဖိုးသင်္ကြန်အား အောင်ပန်းနယ်မြေရဲစခန်းမှ (ပ) ၈၄/ ၂၀၂၀ ၊
ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်၍ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။