ဖြူဖြူဝင်း (ကျိုင်းလပ်)
.
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် ဧပြီ ၁ ရက်၊ ည ၁၀ နာရီ ကျော်ခန့်က ကား ကြိတ် ခံရ၍ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
တာချီလိတ်မြို့မှ ဈေးဝယ်ပြီး
ကျိုင်းလပ်မြို့သို့ ဦးမြင့်ကျော်
မောင်းနှင်၍ ဦးစောဝင်းကြည်နှင့် သူရကျော်စွာတို့ လိုက်ပါ စီးနင်းလာသော တိုယိုတာ လိုက်ထရပ်ယာဉ်သည် ကျိုင်းလပ်မြို့ အမှတ်(၂)ရပ်ကွက် (ဝမ်နတ်) ကျိုင်းလပ်-တာလေ သွား ကားလမ်းမ မိုင်တိုင်အမှတ် ၅၄/၅၅ ကြားသို့ အရောက်တွင် ဦးစောဝင်းကြည်၏ ဦးထုပ် ပြုတ်ကျသဖြင့် ကားအား ရပ်တန့်ပြီး ဦးထုပ် ဆင်းကောက်ခဲ့ပြီးနောက် မော်တော်ယာဉ်အား နောက်ဘက်သို့ ပြန် ဆုတ်ရာမှ ဦးစောဝင်းကြည်အား တိုက်မိ၍ နောက်ဘီးဖြင့် ကြိတ်မိကာ သေဆုံခဲ့ရခြင်း
ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍
မော်တော်ယာဉ်အား မဆင်မခြင်
ပေါ့လျော့စွာ မောင်းနှင်သူ ဦးမြင့်ကျော်အား ကျိုင်းလပ်နယ်မြေရဲစခန်း၌ ယာဉ်(ပ)
၂/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၃-
က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
.