ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ နယ်မြေ (၃) အေးမြင့်သာယာရပ်ကွက်တွင်
ဧပြီလ ၁၁ ရက်၊ ညပိုင်းက အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
သေဆုံးသူ အမျိုးသားသည် အသက် ၂၅ နှစ်အရွယ်ခန့်ရှိပြီး အရက်အလွန်အကျွံသောက်သုံးတတ်သူတစ်ဦးဖြစ်ကာ
၎င်း၏နေအိမ်ဧည့်ခန်းအတွင်း အမြင့် ၆ ပေခန့်ရှိ ထုပ်တန်းတွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ
မတွေ့ရှိရဘဲ ကြိုးဆွဲချ သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူ အမျိုးသားအား အောင်ပန်းဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၎င်းသေဆုံးမှုနှင့်
ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် သိရှိနိုင်ရန် အောင်ပန်းနယ်မြေရဲစခန်းတွင်
သေမှုသေခင်း အမှတ်စဥ် (၆/၂၀၂၀)ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
.