အောင်ပန်းတွင် ပျံကျစျေးသည်များအတွက် ယာယီစျေး ပြုလုပ်ပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းတွင် ပျံကျစျေးသည်များအတွက် ယာယီစျေး ပြုလုပ်ပေး


စုလှိုင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ အားကစားကွင်းတွင် အခြေခံလူတန်းစား ပျံကျ ဈေးသည်များအတွက် ယနေ့ ဧပြီလ ၂၄ ရက်မှ စတင်၍ ယာယီဈေးပြုလုပ်ပေးထားကြောင်း သိရသည်။
.
.
“အခုဖြစ်နေတဲ့ ကူးစက်မြန် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလည်း လုပ်ရမယ်။ ဒါပေမဲ့ တစ်ဘက်ကလည်း လူတွေရဲ့ စားဝတ်နေရေးနဲ့ ကုန်စည်စီးဆင်းမှုကိုလည်း အဆင်ပြေချောမွေ့အောင် လုပ်ရမယ်။ အဲဒီ ၂ ခုလုံးကို မျှခြေဖြစ်အောင် ဆောင်ရွက်ရတာ အရမ်းခက်ပါတယ်။ ဒါက စီမံခန့်ခွဲမှုနဲ့ လူတွေကို စည်းရုံးပြီးတော့ လူထုတွေ အသိပညာ ရရှိအောင် ဆောင်ရွက်တာပါ” ဟု ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင် က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ယာယီပျံကျဈေးကို နေ့စဉ် နံနက် ၆ နာရီမှ နံနက် ၁၀ နာရီ အထိသာ ရောင်းချခွင့်ပြုထားပြီး သားငါးများ ရောင်းချခွင့်ပြုမည်မဟုတ်ဘဲ သားငါးရောင်းချသူများကို မြို့မဈေးအတွင်း နေရာချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
အောင်ပန်းမြို့၊ ယာယီ ပျံကျစျေးဆောင်ရွက်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအသင်းအဖွဲ့များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများနှင့် စျေးအကျိုးတော်ဆောင်များ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
အောင်ပန်းမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့ပိုင်းဒေသနှင့် မန္တလေးတိုင်းဒေသကြီးတို့ကို ဆက်သွယ် ထားသည့် မိတ္ထီလာ-သာစည်-ကလော-အောင်ပန်း-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိသည့် ရထားလမ်းဆုံ၊ ကားလမ်းဆုံမြို့ဖြစ်ပြီး ကုန်သွယ်စီးပွားရေး အချက်အခြာကျသည့် မြို့တစ်မြို့ဖြစ်ပြီး ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats