ခွန်သန်းအောင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် နိုင်ငံတော်သမ္မတ၏ မြန်မာနှစ်ဆန်းတစ်ရက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဧပြီလ ၁၇ ရက်က အကျဉ်းထောင်မှ လွတ်မြောက်လာသူတစ်ဦးက ၎င်း၏ အမျိုးသမီး ဖြစ်သူအား တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်တိုင်တန်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
.
တပ်မတော်မှ စစ်ပြေးမှုဖြင့် ထောင်ဒဏ် ၁ နှစ်ချမှတ်ခံခဲ့ရပြီး ဧပြီလ ၁၇ ရက်က ညောင်ရွှေအကျဉ်းထောင်မှ လွတ်မြောက်လာသည့် အောင်ပန်းမြို့၊ အမှတ် (၃) ရပ်ကွက်နေ သူရစိုး (၃၈ နှစ်) သည် ၎င်း၏ ဇနီးဖြစ်သူမှာ အခြားသူတစ်ဦးနှင့် လက်ထပ်ပေါင်းသင်းနေကြောင်း တွေ့ရှိရသဖြင့် ၎င်း၏ ဇနီးအား တစ်လင်တစ်မယား စနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်း၏တိုင်ကြားချက်အရ အောင်ပန်းနယ်မြေရဲစခန်းမှ (ပ) ၈၅/၂၀၂၀ တစ်လင်တစ်မယားကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
.

Home
မှုခင်း
ရှမ်းတောင်သတင်းများ
အောင်ပန်း
အောင်ပန်းတွင် ထောင်မှလွတ်လာသူတစ်ဦးမှ ၎င်း၏အမျိုးသမီးအား တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်
အောင်ပန်းတွင် ထောင်မှလွတ်လာသူတစ်ဦးမှ ၎င်း၏အမျိုးသမီးအား တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်
Tags
# မှုခင်း
# ရှမ်းတောင်သတင်းများ
# အောင်ပန်း
Share This
About Unknown
အောင်ပန်း
Tags
မှုခင်း,
ရှမ်းတောင်သတင်းများ,
အောင်ပန်း