အောင်ပန်းမြို့အဝင် ဆိုင်းဘုတ်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းမြို့အဝင် ဆိုင်းဘုတ်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွား


နန်းဝင်းရီ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့အဝင်ဆိုင်းဘုတ်အနီးတွင် ယနေ့ ဧပြီလ ၂၇ ရက် နံနက်ပိုင်းက မော်တော်ယာဉ်နှင့် ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်ပေါ်ပါသူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
.
အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်နေ မော်တော်ဆိုင်ကယ်ယာဉ်မောင်း ဦးသိန်းဝင်း (၆၂ နှစ်) မောင်းနှင်ပြီး နောက်တွင်  မထွေး (၂၇ နှစ်) လိုက်ပါစီနင်းလာသော HONDA WAVE-100 အမျိုးအစား မော်တော်ဆိုင်ကယ်သည် ဧပြီလ ၂၇ ရက်၊ နံနက် ၈ နာရီခန့်က ပြည်ထောင်စုလမ်းမကြီးအတိုင်း အောင်ပန်းဘက်မှ ဟဲဟိုးဘက်သို့ မောင်းနှင်လာစဉ် မိုင်တိုင် အမှတ် (၈၀/၇) နှင့် (၈၁/၀) ကြားအရောက်တွင် လားရာတူ ရမည်းသင်းမြို့နယ်၊ ဂွေးကုန်းကျေးရွာနေ ယာဉ်မောင်း တင့်ဇော်လင်း (၃၅ နှစ်) မောင်းနှင်လာသော NISSAN CONDOR အမျိုးအစား ‌မော်တော်ယာဉ်က နောက်မှ ကျော်တက်ရာ ယာဉ်၏ ယာဘက်နောက်ဘီးနှင့် ဆိုင်ကယ်လက်ကိုင်အား ချိတ်မိပြီး ဆိုင်ကယ် တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ယာဉ်မောင်း ဦးသိန်းဝင်းတွင် ဝဲဘက်လက်သကြွယ် ပေါက်ပြဲဒဏ်ရာ၊  ဝဲဘက်လက်ဖျံ ဖုရောင်နာကျင်ဒဏ်ရာ၊ ဝဲဘက်ခြေသန်း ပေါက်ပြဲဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ပြီး ဆိုင်ကယ်နောက်မှ လိုက်ပါစီးနင်းသူ မထွေးတွင် ဦးခေါင်းနောက်စေ့ ဖုရောင်နာကျင်ဒဏ်ရာ၊ ဝဲဘက်ခြေသလုံး ဖုရောင် ပွန်းပဲ့ဒဏ်ရာ (စိုးရိမ်ရ) များ ရရှိကာ အောင်ပန်းတိုက်နယ်ဆေးရုံသို့ ပေးဆောင်ခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ ယာဉ်မဆင်မခြင်မောင်းနှင်ကာ ရှေ့ယာဉ်အား ကျော်တက်စဉ် ဝင်ရောက်ချိတ်မိပြီး အခြားသူများကို ဒဏ်ရာရရှိစေသူ ယာဉ်မောင်း တင့်ဇော်လင်းအား အောင်ပန်းနယ်မြေရဲစခန်းတွင် ယာဉ် (ပ) ၂၉/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats