အောင်ပန်းတွင် လူပျိုဟု လိမ်လည်ပြောဆိုကာ ပေါင်းသင်းခဲ့သူအား အမျိုးသမီးတစ်ဦးမှ တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းတွင် လူပျိုဟု လိမ်လည်ပြောဆိုကာ ပေါင်းသင်းခဲ့သူအား အမျိုးသမီးတစ်ဦးမှ တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ဧပြီလ ၆ ရက်က အမျိုးသမီးတစ်ဦးမှ ၎င်းအား လူပျိုဟု လိမ်လည်ပြောဆိုကာ ပေါင်းသင်းခဲ့သူ အမျိုးသားအား တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်တိုင်တန်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
 
.
အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်နေ အဆိုပါ အသက် ၃၄ နှစ်အရွယ် အမျိုးသမီးသည် ၂၀၁၈ ခုနှစ်ခန့်မှ စတင်၍ ပင်းတယမြို့၊ ဈေးတန်းရပ်နေ အသက် ၂၇ နှစ်အရွယ် စိုင်းဆိုင်ဟတ် ဆိုသူနှင့် သမီးရည်းစားဖြစ်ခဲ့ပြီး ၎င်းသည် လူလွတ် ဖြစ်ကြောင်း ပြောဆိုသည့်အတွက် ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်းက အောင်ပန်းမြို့ရှိ ဟိုတယ်တစ်ခုတွင် တွေ့ဆုံနေထိုင်ခဲ့ပြီးနောက် ယင်းနေ့တွင်ပင် ညောင်ရွှေမြို့နယ်တရားရုံး၌ ထိမ်းမြှားမင်္ဂလာကတိသစ္စာပြုခဲ့ကာ မကြာခဏ ပေါင်းသင်းဆက်ဆံခဲ့ရာမှ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် စိုင်းဆိုင်ဟတ်၌ တရားဝင် ဇနီးမယား ရှိကြောင်း သိရှိရသဖြင့် ယင်းအမျိုးသမီးမှ အောင်ပန်းနယ်မြေရဲစခန်း၌ အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါအမှုမှ ပင်းတယမြို့နယ်၊ ဈေးတန်းရပ်ကွက်နေ စိုင်းဆိုင်ဟတ် ဆိုသူအား အောင်ပန်းနယ်မြေရဲစခန်းတွင် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေပုဒ်မ ၁၇ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပြီး စိုင်းဆိုင်ဟတ် အား ဖမ်းဆီးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats