COVID-19 ကို ဘုံရန်သူအဖြစ် သတ်မှတ်၍ တွန်းလှန် ကျော်လွှားရန် ဦးအောင်ကိုဝင်း တိုက်တွန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ကို ဘုံရန်သူအဖြစ် သတ်မှတ်၍ တွန်းလှန် ကျော်လွှားရန် ဦးအောင်ကိုဝင်း တိုက်တွန်း

ကမ္ဘာတစ်ဝန်း၌  ကြုံတွေ့နေရသည် COVID-19 ကူးစက်ရောဂါအန္တရာယ်ကို ဘုံရန်သူအဖြစ် သတ်မှတ်ပြီး အမြန်ဆုံး   ကျော်လွှား သွားနိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်များအတိုင်း တိုင်းရင်းသား ပြည်သူ တစ်ဦးချင်းစီက     ပင်ကိုအသိ စိတ်ဖြင့် စည်းကမ်းလိုက်နာပြီး ကျန်းမာရေး အသိ၊ သတိနှင့်အတူ တွန်းလှန် ကျော်လွှားရမည် ဖြစ်ကြောင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နာယက ဝဏ္ဏကျော်ထင်၊ စည်သူ၊ သရေစည်သူ ဦးအောင်ကိုဝင်းက တိုက်တွန်း ပြောကြားခဲ့သည်။
.
နိုင်ငံပိုင် သတင်းစာ ဖြစ်သည့် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်များ၏ နှစ်သစ်ကူး ဆုတောင်း စကားသံတွင် ဝဏ္ဏကျော်ထင်၊ စည်သူ၊ သရေစည်သူ ဦးအောင်ကိုဝင်းက ယင်းကဲ့သို့ ပြောဆိုထားခြင်း ဖြစ်သည်။
.

“ အခုလို COVID-19  ရောဂါ ဖြစ်ပွား နေတဲ့ ကာလမှာ အခြေခံ ပြည်သူတွေ အတွက် ယာယီအားဖြင့် အခက်အခဲ ရှိနိုင်ပါတယ်။ ဒီအခက်အခဲကို နိုင်ငံတော်အစိုးရနဲ့အတူ တတ်နိုင်တဲ့ ပြည်သူတွေကလည်း တတ်အား သရွေ့ ပူးပေါင်း ပါဝင် လှူဒါန်းပေးရမှာ ဖြစ်ပါတယ်။” ဟုလည်း ဦးအောင်ကိုဝင်းက ပြောဆိုထားသည်။
.
COVID-19  ကြောင့်  စီးပွားရေး မယိုင်လဲ၊ မပြိုလဲအောင် ကမ္ဘာ့နိုင်ငံ အသီးသီးက ကြိုးစား နေလျက် ရှိရာ မြန်မာနိုင်ငံတွင်လည်း ယင်းကပ်ဆိုး၏ နောက်ဆက်တွဲ ဖြစ်သည့် စီးပွားရေးများ မယိုင်လဲရန်၊ ထိခိုက်မှု    အနည်းဆုံး ဖြစ်ရန် လိုအပ်သည့် အစီအစဉ်များ ချမှတ်ပြီး ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းကိုလည်း ဦးအောင်ကိုဝင်းက တိုက်တွန်း ပြောကြားထားသည်။
.
ဝဏ္ဏကျော်ထင်၊ စည်သူ၊ သရေစည်သူ ဦးအောင်ကိုဝင်း နာယက အဖြစ် ဆောင်ရွက်နေသည့် ကမ္ဘောဇဘဏ်သည် KBZ MS General InsuranceKBZ LifeMyanmar Airways International (MAI) နှင့် Air KBZ တို့နှင့်အတူ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ငွေကျပ် ၃၁, ၂၁၄ သိန်း (ကျပ်သိန်းပေါင်း သုံးသောင်း တစ်ထောင်နှစ်ရာ တစ်ဆယ့်လေးသိန်း) ကို လှူဒါန်းထားကာ ဆက်လက်လှူဒါန်းမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။
.

Journal Download

Photo of three cats