တပ်မတော်က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များကို ရိက္ခာများ ထောက်ပံ့ပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, April 11, 2020

တပ်မတော်က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များကို ရိက္ခာများ ထောက်ပံ့ပေး


ထက်တိုင်းကျော် 

.

တပ်မတော်ညွှန်ကြားချက်အရ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်ဗဟိုမှ တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့က ဦးဆောင်ကြီးကြပ်၍ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ ၊ တိုက်ပွဲကျ စစ်သည်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို ရိက္ခာများ ထောက်ပံ့ပေးနေကြောင်း သိရသည်။
.
တပ်မတော်မှ ထောက်ပံ့ပေးည့် ရိက္ခာများမှာ တစ်ရက်စာအတွက် ဆန် ၂၆ အောင်စ၊ စားဆီ ၂ ကျပ်သား၊ ဆား ၁ ဒသမ ၇၅ ကျပ်သား၊ ကုလားပဲခြမ်း ၃ ကျပ်သားနှုန်းဖြင့် မိသားစုဝင် အင်အားအတိုင်း ၂၁ ရက်စာ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း သိရသည်။
.

ဝမ်းသာပါတယ်ရှင်
ခုလိုအချိန်မှာ ထောက်ပံ့ပေးလို့ တပ်မတော်ကို ကျေးဇူးတင်ပါတယ်။ မိသားစုအတွက် အများကြီး အထောက်အကူ ရလို့လည်း ဝမ်းသာ မဆုံးပါဘူး။”ဟု ရှေ့တန်း စစ်မြေပြင်တွင် တိုက်ပွဲကျဆုံးစစ်သည၏ ကျန်ရစ်သူ ဇနီးမှ ပြောကြားခဲ့သည်။
.
ထို့အပြင် တိုက်ပွဲကြောင့် ခန္ဓာကိုယ် စွန့်လွှတ်ခဲ့ရသည် မသန်စွမ်း စစ်သည် တစ်ဦးမှလည်း “COVID-19 ကူးစက်ရောဂါကြောင့် အိမ်မှာပဲ ‌ေနပါဆိုတဲ့ အချန်မျိုးမှာ အခုလို ရိက္ခာထောက်ပံ့ပေးလို့ တပ်မတော် အကြီးအကဲတွေကို လေးစား ကျေးဇူးတင်ပါတယ်"ဟု ပြောဆိုခဲ့သည်။
.
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်အဖွဲ့ ဗဟိုဌာနချုပ်သည် နိုင်ငံ
အနှံ့အပြား၌ နေထိုင်ကြသော စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ၎င်းတို့၏ မိသားစုဝင်များ ၊ တိုက်ပွဲကျ စစ်သည်၏ ကျန်ရစ်သမိသားစုဝင်များအတွက် နှစ်စဉ် ပညာသင် ထောက်ပံ့စရိတ်နှင့် မသန်စွမ်းစစ်မှုထမ်းဟောင်များ ထောက်ပံ့စရိတ်ကို ပေးအပ် ထောက်ပံ့ပေးနေလျက် ရှိကြောင်းလည်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About