တာချီလိတ်မြို့နယ်ရှိ အခြေခံလူတန်းစားများကို အစိုးရကိုယ်စား မြို့မိမြို့ဖနှင့် လုပ်ငန်းရှင်များက စားကုန်များ လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်မြို့နယ်ရှိ အခြေခံလူတန်းစားများကို အစိုးရကိုယ်စား မြို့မိမြို့ဖနှင့် လုပ်ငန်းရှင်များက စားကုန်များ လှူဒါန်း


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်ရှိ အခြေခံ လူတန်းစားများအတွက် စားကုန်များကို အစိုးရ ကိုယ်စား တာချီလိတ် မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင်များက ထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ အစိုးရ ကိုယ်စား လှူဒါန်း ထောက်ပံ့မှု ပေးခဲ့သူများမှာ မြို့မိမြို့ဖများ ဖြစ်ကြသည့် ဦးထွန်းနေဦး၊ ဦးတင်လှိုင်၊ ဦးမြင့်သိန်းနှင့် လုပ်ငန်းရှင်များ ဖြစ်ကြသည့် ဦးအောင်နိုင်၊ ဦးနေဝင်း၊ ဦးကျော်စွာလှိုင်၊ ဦးဂျော်နီတို့ ဖြစ်ကာ တာချီလိတ်မြို့နယ်ရှိ အိမ်ထောင်စု ၂၈၅၀ ကို စားကုန်များအား အစိုးရ ကိုယ်စား ထောက်ပံ့ပေးအပ် လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။
.
အိမ်ထောင်စု ၂၈၅၀ အတွက် ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ လှူဒါန်း ထောက်ပံ့ပေးတဲ့ မြို့မိမြို့ဖနဲ့ လုပ်ငန်းရှင်တွေရဲ့ စေတနာ သဒ္ဓါတရား အလျောက် ကျွန်တော့်ဆီကိုလည်း တရားဝင် စာရေး တင်ပြခဲ့ကြပါတယ်။ သာဓု ခေါ်ပါတယ်"ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ကမ္ဘောဇတိုင်းသို့ ပြေသည်
.

သင်္ကြန် ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန် ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စု တစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ ၁ ပိဿာ၊ ကြက်သွန် ၁ ပိဿာစီကို ဧပြီလ ၁၀ ရကမှ စ၍ အခမဲ့ ထောက်ပံ့ပေးသွားမည်ဟု COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ၂၀၂၀ ခုနှစ်၊ ဧပြီလ ၆ ရက်တွင် ကြေညာခဲ့ပြီးနောက် အဆိုပါ မြို့မိမြို့ဖနှင့် လုပ်ငန်းရှင်များက တာချီလိတ်မြို့နယ်အတွက် ယင်းတို့ ဆန္ဒအလျောက် ထောက်ပံ့ လှူဒါန်းခြင်း ဖြစ်သည်။
.
ချက်ချင်း ထ လုပ်ရတာဆိုတော့ ထောင့်မစေ့တာနဲ့ စာရင်း ကျန်နေတာတော့ ရှိပါတယ်။ ဒါကို အလှူရှင်တွေက စီစဉ်ပေးမယ်လို့လည်း ကြားရပါတယ်။ တာချီလိတ်အတွက် ဂုဏ်ယူစရာပါ၊ ပီတိလည်း ဖြစ်ရသလို အလှူရှင်တွေကိုလည်း ကျေးဇူးတင်ပါတယ်။"ဟု တာချီလိတ် ဒေသခံတစ်ဦးက ပြောသည်။
.
တာချီလိတ်မြို့နယ်ရှိ အခြေခံလူတန်းစားများအတွက် စားကုန်ပစ္စည်း ၅ မျိုးအား
လှူဒါန်းသည့် ကုန်ကျစရိတ်မှာ မြန်မာကျပ်ငွေ သိန်း ၂၂၀ နှင့် ထိုင်းဘတ်ငွေ ၂၉၀၀၀၀ ဖြစ်ကာ တာချီလိတ်မြို့နယ်တွင် ရပ်ကွက်ပေါင်း ၁၈ ရပ်ကွက်၊ ကျေးရွာပေါင်း ၃၂၀ တွင် အိမ်ထောင်စုပေါင်း ၂၈၁၈၁ နေထိုင်လျက် ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats