တာချီလိတ်၌ သင်္ကြန်ပါတီ ပြုလုပ်၍ လူစုလူဝေး ပြုလုပ်သူများအား အမှုဖွင့်ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်၌ သင်္ကြန်ပါတီ ပြုလုပ်၍ လူစုလူဝေး ပြုလုပ်သူများအား အမှုဖွင့်ထား


နန်းဝင်းရီ
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်တွင် ဧပြီလ ၁၂ ရက် ညနေပိုင်းက Mr . CRUSH Bar တွင် သင်္ကြန်ပါတီ ပြုလုပ်၍ လူစုလူဝေးပြုလုပ်သူများကို အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
.
တာချီလိတ်မြို့တွင် သင်္ကြန်ပါတီ ပြုလုပ်၍ လူစုလူဝေးဖြင့် စားသောက် ပျော်ပါးနေသည်ဟူသော သတင်းအရ သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က ယင်းနေရာသို့ သွားရောက် တားမြစ် ပိတ်သိမ်း ပြီးနောက် အမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ လူစုလူဝေးဖြင့် သင်္ကြန်ပါတီ ပြုလုပ်သည့်နေရာတွင် ထိုင်းနိုင်ငံသားများ ပါဝင်ပြီး ဦးဆောင်ပြုလုပ်သူ မနန်းစမ်မွမ်း အပါအဝင် စိုင်းဆမ်တစ်၊ ဆန်းလွင်ဌေး (ခ) ရဲရင်၊ အားဆွယ်၊ အားတီ၊ ခမ်းအောင်၊ အားဟုန်၊ မရတနာဦးနှင့်  မနန်းခမ်းပန် တို့ ၉ ဦးအား တာချီလိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တရားလို ပြုလုပ်တိုင်းတန်းခဲ့ရာ ဧပြီလ ၁၃ ရက်တွင် တာချီလိတ် မြို့မရဲစခန်းမှ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅၊ ၃၀(က)တို့ဖြင့် အမှုဖွင့် အရေးယူထားခြင်း ဖြစ်ကြောင်း သိရသည်။
.

ထို့အပြင် သင်္ကြန်ပါတီ ပြုလုပ်ရာ၌ ပါဝင် ပတ်သက်သည့် တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်သား ဖေသက်ဟန်ကိုလည်း ရဲလုပ်ထုံး လုပ်နည်း စည်းမျဉ်းများနှင့် အညီ အရေးယူ ဆောင်ရွက်လျက် ရှိပြီး ယင်း သင်္ကြန်ပါတီ ပြုလုပ်သည့် နေရာရှိ သက်သေခံ ပစ္စည်းများအား သက်ဆိုင်ရာ တာဝန်ရှိသူများက သိမ်းဆည်ခဲ့ကြောင်း သိရသည်။
.
လူစုလူဝေးဖြင့် သင်္ကြန်ပါတီအား ဦးဆောင် ပြုလုပ်သူ အပါအဝင် ကျင်းပပြုလုပ်ရာတွင် ပါဝင်သည့် ထိုင်းနိုင်ငံသား အချို့နှင့် ကျန်ရှိ ပုဂ္ဂိုလ်များအား ဖမ်းဆီး ရမိရေးအတွက် သက်ဆိုင်ရာအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats