တောင်ကြီးမြို့နယ်အတွက် ဖြန့်ဝေမည့် စားနပ်ရိက္ခာများ ထုတ်ပိုးနေမှုကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ကွင်းဆင်း ကြည့်ရှု - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့နယ်အတွက် ဖြန့်ဝေမည့် စားနပ်ရိက္ခာများ ထုတ်ပိုးနေမှုကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ကွင်းဆင်း ကြည့်ရှု


စုလှိုင်
.
ရှမ်းပြည်နယ်၏မြို့တော် တောင်ကြီးမြို့ ရှိမြို့တော် ခန်းမ၌ တောင်ကြီးမြို့နယ်အတွက် အစိုးရက အခမဲ့ ဖြန့်ဝေမည့် စားနပ်ရိက္ခာများ ထုတ်ပိုးနေမှုကို ရှမ်းပြည်နယ် ဝန်ကြီးချူပ် ဒေါက်တာ လင်းထွဋ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ဧပြီလ ၁၀ ရက်တွင် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
.
" တောင်ကြီးမြို့နယ်မှာ ဝေမယ့်ဟာတွေကို ထုတ်ပိုးတာပေါ့။ ထုတ်ပိုးပြီးတော့ တိုက်နယ်၊ ဇုန်တွေ အလိုက် နယ်မြေမှူးတွေ၊ ဆယ်အိမ်မှူးတွေကနေ အိမ်တိုင်ရာရောက် ဖြန့်မှာပါ။ဟု တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

.
တောင်ကြီးမြို့ရှိ ရွှေတောင်ရပ်ကွက်၊ စိန်ပန်းရပ်ကွက်၊ ချမ်းမြသာစည်ရပ်ကွက်နှင့် ရတနာသီရိ ရပ်ကွက်တို့တွင် ရှိသော အခြေခံ လူတန်းစားများကို ယနေ့တွင် စတင် ဖြန့်ဝေ ပေးနေပြီး အမှန်တကယ် ဆင်းရဲ နွမ်းပါးသောသူများကို အစိုးရ၏ ညွှန်ကြားချက်ဖြင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက နယ်မြေမှူး၊ ဆယ်အိမ်မှူးနှင့်အတူ ကြိုတင်စာရင်း ကောက်ယူ စုစည်းပြီး ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
.
အခြေခံ လူတန်းစားများ အတွက် အိမ်ထောင်စု တစ်စုလျှင် ဆန် ပြည်၊ ဆီ ၅၀ ကျပ်သား ကြက်သွန်နီ ၅၀ ကျပ်သား ကုလားပဲ ပိဿာ နှင့် ဆား ၅၀ ကျပ်သား စီကို ဧပြီလ ၁၀ မှ စတင်၍ နိုင်ငံတစ်ဝန်း၌ စတင် ဖြန့်ဝေနေလျက် ရှိကာ အချို့ စာရင်းဇယားများ မပြည့်စုံသေးသည့် ဒေသများကိုလည်း အမြန်ဆုံး ဖြန့်ဝေနိုင်ရေး စိစဉ်နေလျက် ရှိကြောင်း သိရသည်။

Journal Download

Photo of three cats