.
အဆိုပါ အခမဲ့
ဖြန့်ဝေပေးမည့် ရိက္ခာများ ပြင်ဆင် ဆောင်ရွက်နေမှုကို ယနေ့ (ဧပြီလ ၂ ရက်)၊
နံနက်ပိုင်းတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ကော်မတီနာယကများ
ဖြစ်သည့် ဦးအောင်ကိုဝင်း (KBZ Group)၊ ဦးစိုးညွန့်လွင် (ရှမ်းပြည်နယ် စီမံကိန်းနှင့်
ဘဏ္ဍာရေး ဝန်ကြီး)၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် တာဝန် ရှိသူများက ကြည့်ရှုစစ်ဆေး၍
လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
.
ပြည်နယ်ဝန်ကြီးချုပ်နှင့်
တာဝန် ရှိသူများအား COVID-19 Pandemic ရှမ်းပြည်နယ် ပြည်သူလူထု
စားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီ ဒုဥက္ကဌ ဦးခင်အောင်၊ ဒုဥက္ကဌ (၂) ဦးသူရစောသိန်း၊ အတွင်းရေးမှူး
ဦးစိုင်းမြင့်ဌေးတို့မှ ကော်မတီ၏ ရည်ရွယ်ချက်၊ အလှူငွေ ရရှိမှု၊ ပစ္စည်း ဝယ်ယူထားရှိမှု
အခြေအနေများကို ရှင်းလင်း တင်ပြခဲ့သည်။
.
ထို့နောက် ကမ္ဘောဇဘဏ်
အထွေထွေမန်နေဂျာ ဒေါ်စန္ဒာဝင်းမှ COVID-19 Pandemic ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီသို့ ငွေကျပ်သိန်း
၂၀၀၀ အား ပေးအပ်လှူဒါန်းခဲ့သည်။
.
COVID-19 Pandemic ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီမှ
ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူများသို့ ဖြန့်ဝေ လှူဒါန်းမည့် ရိက္ခါထုပ်များတွင် ဆန်၊ ဆီ၊ ကုလားပဲ၊ ကော်ဖီထုပ်များနှင့်
အခြား လိုအပ်သည့် ပစ္စည်းများ ပါဝင်မည် ဖြစ်ကာ ကော်မတီ
ရုံးခန်းအား တောင်ကြီးမြို့ရှိ စူဠာမုနိစေတီတော် ဂေါပက ရုံးခန်း၌ ဖွင့်လှစ်ထားကာ အလှူငွေ လှူဒါန်းလိုသူများ အနေဖြင့် KBZ Bank Account
– 37330299900378901 သို့ ထည့်ဝင် လှူဒါန်းနိုင်သည့် အပြင်
ကော်မတီရုံးခန်းတွင်လည်း သွားရောက် လှူဒါန်းနိုင်ကြောင်း သိရသည်