ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်အတွင်းရှိ
မြို့နယ်များတွင် နေထိုင်သည့် ပြည်သူများအား COVID-19 ကူးစက်ရောဂါ မဖြစ်စေရန်အတွက် ကျိုင်းတုံမြို့သို့ သွားရောက်ခြင်း မပြုကြရန်
သက်ဆိုင်ရာမြို့နယ် စီမံခန့်ခွဲမှုကော်မတီများက အသိပေးကြေညာထားကြောင်း သိရသည်။
.
“ အရေးကြီး ကိစ္စနဲ့ ကျန်းမာရေး
နာရေးကိစ္စဆိုရင်တော့ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်နဲ့ သွားလာခွင့် ပြုပေးထားပါတယ်။
သာမန်အနေနဲ့တော့ COVID-19 ရောဂါ ကူးစက်မှု မဖြစ်အောင်လို့ ထိန်းပေးထားတယ်လို့
သိရပါတယ်”ဟု ကျိုင်းတုံခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး
ဦးဝင်းမင်းသိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မိုင်းဖြတ် ပြည်သူ့ဆေးရုံမှ
ကျိုင်းတုံဆေးရုံသို့ လွှဲပြောင်း၍ ဆေးကုသမှု ခံယူနေသည့် COVID- 19 အတည်ပြု လူနာအမှတ် (၆၄)တွင် COVID-19 ပိုး တွေ့ရှိကြောင်း
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာပြီးနောက် ကျိုင်းတုံခရိုင် အတွင်းရှိ
မိုင်းပျ ဉ်း၊ မိုင်းခတ်နှင့် မိုင်းယန်းမြို့နယ်များမှ ပြည်သူများအား ကျိုင်းတုံမြို့သို့
သွားရောက်ခြင်း မပြုကြရန် သက်ဆိုင်ရာ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီများက တားမြစ်ခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
“ ကျွန်မတို့ မြို့ကတော့
တိတ်ဆိတ်နေပါတယ်။ စျေးဆိုင် တော်တော်များများလည်း ပိတ်ထားကြပါတယ်။ အိမ်ထဲကနေ အိမ်ပြင်ကို
မထွက်ကြရတော့ ဒီရောဂါ မကြာပါစေနဲ့လို့ ဆုတောင်းပါတယ်” ဟု မိုင်းပျဉ်းမြို့မှ ဒေသခံတစ်ဦးက
ပြေသည်။
.
အဆိုပါ COVID- 19 အတည်ပြု လူနာအမှတ် (၆၄)သည် မိုင်းဖြတ်မြို့မှ အသက် ၂၃ နှစ် အရွယ် အမျိုးသား ဖြစ်ပြီး ၎င်းအား ကျိုင်းတုံ
ပြည်သူ့ဆေးရုံရှိ ကူးစက်ရောဂါ အထူးကြပ်မတ် ကုသဆောင်တွင် ထားရှိ၍ ဆေးကုမှု ပေးနေကြောင်း သိရသည်။