အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက အောင်ပန်းတိုက်နယ်ဆေးရုံသို့ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက အောင်ပန်းတိုက်နယ်ဆေးရုံသို့ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ လှူဒါန်း

ခွန်သန်းအောင်
.
ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ တိုက်နယ်ဆေးရုံအတွက် လိုအပ်သော ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက ဧပြီလ ၂၄ ရက်တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
.

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်သည် အောင်ပန်းတိုက်နယ်ဆေးရုံအတွက် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ဖြစ်သည့် Surgical Mask ၁၀၀ ခု၊ N95 Mask ၁၀ ခု၊ လက်အိတ် ၃ ဘူး၊ မျက်မှန် ၁၀ ခု၊ Handgel ၁၀ ဘူး၊ လက်ဆေး ဆပ်ပြာရည် ၁၀ ဘူးတို့ကို ပေးအပ်လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး အောင်ပန်းတိုက်နယ်ဆေးရုံမှ လက်ထောက် ဆရာဝန် ဒေါက်တာ သက်ဝေဦးက လက်ခံခဲ့ကြောင်း သိရသည်။


.
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် တောင်ပိုင်းရှိ တောင်ကြီးမြို့၊ ရွှေညောင်မြို့၊ ပင်းတယမြို့၊ ဟဲဟိုးမြို့၊ ဟိုပုံးမြို့၊ ရပ်စောက်မြို့၊ ညောင်ရွှေမြို့၊ တီကျစ်မြို့၊ ပင်လောင်းမြို့၊ ရွာငံမြို့၊ ဆီဆိုင်မြို့နှင့် ဖယ်ခုံမြို့တို့တွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

Journal Download

Photo of three cats