.
အိမ်ထောင်စု တစ်စုလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ပဲ ၁ ပိဿာ၊
ကြက်သွန် ၁ ပိဿာ၊ စုစုပေါင်း ထောက်ပံ့ကူညီမှု ၅ မျိုးစီကို လာမည့် ဧပြီလ ၁၀ ရက်မှ
စတင်၍ အခမဲ့ ဖြန့်ဖြူး ထောက်ပံ့ပေးမည် ဖြစ်ကာ ထောက်ပံ့ပေးရာ၌ လေလွင့်မှုများ၊ ကြန့်ကြာမှုများ၊
အဂတိလိုက်စားမှုများ မဖြစ်ပေါ် စေရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၏
ကြီးကြပ်မှုဖြင့် စာရင်း ကောက်ယူခြင်း၊ ထုပ်ပိုးခြင်း၊ ပို့ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း
စသည်တို့ကို ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ
အသင်းချုပ်၊ ရပ်မိရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပရဟိတလူငယ်များနှင့် ပူးပေါင်း
ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
ထို့အပြင် ပြည်သူများ၊ ဘာသာရေး အဖွဲ့အစည်းများနှင့်
ပြည်တွင်း လူမှုရေးအဖွဲ့အစည်းများ (သံရုံးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ
အဖွဲ့အစည်းများ မပါ) အတွက် အိမ်သုံး အမျိုးအစား လျှပ်စစ်ဓါတ်အား သုံးစွဲမှု ၁၅၀
ယူနစ်ထိကို ငွေကြေး ကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့)အား ဧပြီလကုန်ထိ ပေးသွားမည်
ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
အဆိုပါ ထုတ်ပြန်ချက်ကို COVID 19 ကာကွယ်၊ ထိန်းချုပ်၊
ကုသရေး အမျိုးသားအဆင့် ကော်မတီ ဥက္ကဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့
ပြည်သူများ၏ တင်ပြချက်များကို စိစစ်၍ အစိုးရက ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်းလည်း
သိရသည်။