ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးများ၊ စားသောက်ကုန် ပစ္စည်းများကို စျေးနှုန်း မြှင့်တင် ရောင်းချခြင်း၊ စျေး ကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း ပြုလုပ်သည်ကို စစ်ဆေး တွေ့ရှိပါက ထောင်ဒဏ် ၆ လမှ ၃ နှစ်အထိ ကျခံရမည့် အပြင် ကျပ် ၅ သိန်းထက် မပိုသော ငွေဒဏ်ကို ချမှတ် အရေးယူခြင်း ခံရမည်ဟု ရှမ်းပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနက ယနေ့ (ဧပြီလ ၇ ရက်)တွင် ထုတ်ပြန် ကြေညာခဲ့သည်။
.
COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ကုန်စျေးနှုန်း ကြီးမြင့်ခြင်းနှင့် ကုန်ပစ္စည်းများ ပြတ်လပ်မှု မရှိစေရေးအတွက် အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၄(က)အရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အရေးကြီး ကုန်စည်များကို မတ်လ ၃၀ ရက်က သတ်မှတ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
.
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အရေးကြီး ကုန်စည်များ အဖြစ် သတ်မှတ်ခဲ့သည့် ကုန်ပစ္စည်းများမှာ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အရေးကြီး ကုန်ပစ္စည်းများအား စျေးနှုန်း မြှင့်တင် ရောင်းချခြင်း၊ စျေး ကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း ပြုလုပ်သည်ကို တွေ့ရှိပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ကြောင်း သိရသည်။

Home
Unlabelled
ဆေးဝါးနှင့် စားသောက်ကုန်များကို စျေးတင် ရောင်းချပါက ထောင်ဒဏ် ၃ နှစ် ချမှတ် ခံရမည်ဟု ထုတ်ပြန်ထား
ဆေးဝါးနှင့် စားသောက်ကုန်များကို စျေးတင် ရောင်းချပါက ထောင်ဒဏ် ၃ နှစ် ချမှတ် ခံရမည်ဟု ထုတ်ပြန်ထား
Share This
About Unknown