မြန်မာနိုင်ငံတွင် COVID-19 လူနာအသစ် ၁ ဦး ထပ်မံ တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြန်မာနိုင်ငံတွင် COVID-19 လူနာအသစ် ၁ ဦး ထပ်မံ တွေ့ရှိ

မြန်မာနိုင်ငံတွင် COVID-19 လူနာအသစ် ဦး ထပ်မံ တွေ့ရှိကြောင်းကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ (ဧပြီလ ရက်) နာရီတွင် ထုတ်ပြန်ခဲ့ရာ ၁၂ ရက်အတွင်း စုစုပေါင်း အတည်ပြုလူနာ ၂၁ ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
.

အဆိုပါ အတည်ပြုလူနာ အမှတ်(၂၁)သည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သည့် အသက် ၂၄ နှစ်အရွယ် အမျိုးသမီး ဖြစ်ပြီး မိခင်၊ မောင် ဖြစ်သူတို့နှင့်အတူ  မတ်လ ၂၆ ရက်တွင် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံများမှ တဆင့် ပြန်လည် ရောက်ရှိလာခဲ့သူ ဖြစ်ကြောင်း သိရသည်။
.
လူနာသည် ဗိုလ်တစ်ထောင်မြို့နယ်ရှိ ဟိုတယ်တွင် အသွားအလာ ကန့်သတ်၍ နေထိုင်နေစဉ် ဧပြီလ ၂ ရက်တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းခြင်း စသည့် လက္ခဏာများ ခံစားရသဖြင့် ရန်ကုန် အရှေ့ပိုင်းဆေးရုံကြီးသို့ ပို့ဆောင်၍ စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်ကာ ဓါတ်ခွဲနမူနာအား စစ်ဆေးရာ COVID-19 ပိုး တွေ့ရှိခဲ့ရခြင်း ဖြစ်ကာ ယင်းလူနာအား ဝေဘာဂီ အထူးကု ဆေးရုံသို့ ပြောင်းရွှေ့ရန် စီစဉ်လျက် ရှိပြီး လတ်တလောတွင် ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက် ရှိကြောင်း သိရသည်။
.
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်ချက်တွင် COVID-19 အတည်ပြုလူနာအသစ် ၁ ဦး ပါရှိခဲ့ပြီး ကျန်လူနာ ၈၃ ဦးတွင် ရောဂါပိုး မရှိကြောင်းနှင့် ယနေ့တွင် စောင့်ကြည့်လူနာ အသစ် ၅၈ဦး ရှိကြောင်း ဖော်ပြထားသည်။
.
မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၂၁ ဦးနှင့် ပိုးတွေ့ရှိပြီးနောက် သေဆုံးသူ ၁ ဦး ရှိကာ ပြည်သူ လူထုအနေဖြင့် ရောဂါကာကွယ်ရေး ဆိုင်ရာ ကျန်းမာရေး ပညာပေး အချက်အလက်များအား တိကျစွာ လိုက်နာ ဆောင်ရွက်ခြင်းဖြင့် မိမိ သာမက မိမိ၏ မိသားစုနှင့် ပတ်ဝန်းကျင်မှ လူများအတွက်ပါ ရောဂါ ကူးစက်မှု မရှိစေရေး ပူးပေါင်း ဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ နှိုးဆော်ထားသည်။
.
ကမ္ဘာ့နိုင်ငံနှင့် နယ်မြေဒေသပေါင်း ၂၀၇ ခုတွင် အတည်ပြုလူနာပေါင်း ၁၀၅၁၆၃၅ ဦးထိ တွေ့ရှိထားကာ ယင်းအနက် သေဆုံးသူမှာ ၅၆၉၈၅ ဦး ရှိကြောင်း WHO ၏ ဧပြီလ ၄ ရက် ထုတ်ပြန်ချက်များအရ သိရသည်။

Journal Download

Photo of three cats