ပုံမှန် ဝင်ငွေ မရှိတဲ့ အခြေခံလူတန်းစားတွေကို အစိုးရက ရိက္ခာများ ထောက်ပံ့မည် (ရုပ်သံ) - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပုံမှန် ဝင်ငွေ မရှိတဲ့ အခြေခံလူတန်းစားတွေကို အစိုးရက ရိက္ခာများ ထောက်ပံ့မည် (ရုပ်သံ)


.
COVID 19 နဲ့ စပ်လျဉ်းပြီး အရေးကြီး ကာလ ဖြစ်တဲ့ မဟာ သင်္ကြန် ရုံးပိတ်ရက်ရှည် ကာလအတွင်းမှည ပုံမှန် ဝင်ငွေ မရှိတဲ့ အခြေခံလူတန်းစားတွေအတွက် ရိက္ခာတွေကို အစိုးရက ထောက်ပံ့ ပေးအပ်သွားမှာ ဖြစ်တယ်လို့ COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ကော်မတီက ဧပြီလ ၆ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
.
အိမ်ထောင်စု တစ်စုကို ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ပဲ ၁ ပိဿာ၊ ကြက်သွန် ၁ ပိဿာ၊ စုစုပေါင်း ထောက်ပံ့ကူညီမှု ၅ မျိုးစီကို လာမယ့် ဧပြီလ ၁၀ ရက်ကနေ စတင်ပြီး အခမဲ့ ဖြန့်ဖြူး ထောက်ပံ့ပေးမှာ ဖြစ်ပြီး ထောက်ပံ့ပေးရာမှာ လေလွင့်မှုတွေ၊ ကြန့်ကြာမှုတွေ၊ အဂတိ လိုက်စားမှုတွေ မဖြစ်ပေါ် စေဖို့အတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေရဲ့ ကြီးကြပ်မှုနဲ့ စာရင်း ကောက်ယူတာ၊ ထုပ်ပိုးတာ ပို့ဆောင်တာနဲ့ ဖြန့်ဖြူးတာ စတာတွေကို ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ၊ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ ရပ်မိရပ်ဖ​​တွေ၊ လူမှုရေး အသင်းအဖွဲ့​တွေ၊ ပရဟိတလူငယ်တွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
.
အဲဒီအပြင် ပြည်သူတွေ၊ ဘာသာရေး အဖွဲ့အစည်းတွေနဲ့ ပြည်တွင်း လူမှုရေးအဖွဲ့အစည်းတွေအတွက် အိမ်သုံး အမျိုးအစား လျှပ်စစ်ဓါတ်အား သုံးစွဲမှု ၁၅၀ ယူနစ်ထိကို ငွေကြေး ကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့)အဖြစ် ဧပြီ လကုန်ထိ ပေးသွားမှာ ဖြစ်ပြီး ကင်းလွတ်ခွင့် ​ပေးရာမှာ သံရုံးတွေ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ မပါဝင်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ​သေးတယ်။
.
အဲဒီ ထုတ်ပြန်ချက်ကို COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ကော်မတီ ဥက္ကဌ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီကို ပြည်သူတွေ တင်ပြထားတဲ့ အချက်တွေကို စိစစ်ပြီး အစိုးရက ဖြည့်ဆည်းဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။
.
ရှမ်းပြည်နယ် အတွင်းမှာ ရှိတဲ့ အ​ခြေခံ လူတန်းစား​တွေအတွက် အ​ရေး​ပေါ် ဖြန့်​ဝေ လှူဒါန်းဖို့ ရိက္ခါထုပ်​တွေကို ရှမ်းပြည်နယ် အစိုးရရဲ့ လမ်းညွှန်မှူ၊ က​မ္ဘောဇအုပ်စုနဲ့ အလှူရှင်​တွေရဲ့ ကူညီ လှူဒါန်းမှုနဲ့ အသင့် ပြင်ဆင်ထားပြီးလည်း ဖြစ်ပါတယ်။
.
အဲဒီလို ပြည်​ထောင်စု အစိုးရရဲ့ ​ထောက်ပံ့မယ့် အစီအစဥ် ရှိလာတဲ့ အပြင် ရှမ်းပြည်နယ် အစိုးရရဲ့ အစီအစဥ်​တွေ​ကြောင့် ရှမ်းပြည်နယ်က အ​ခြေခံ လူတန်းစား​တွေအတွက် စိတ်​အေးနိုင်ရတဲ့ အ​ခြေအ​နေ တစ်ခု ရရှိလာ​ပေမဲ့လည်း ကာလ ကြာမြင့်လာရင်​ အခက်အခဲ​တွေ ရှိနိုင်​သေးတာမို့ အစီအမံ​တွေ ထပ်မံ ပြုလုပ်ဖို့ လိုအပ်​နေ​သေးတဲ့ အ​ခြေအ​နေ တစ်ခုမှာ ရှိ​နေပါ​သေးတယ်။

Journal Download

Photo of three cats