ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
မိုင်းဖြတ်ဆေးရုံမှ ကျိုင်းတုံပြည်သူ့ဆေးရုံသို့ လွှဲပြောင်းခဲ့သည့် COVID-19 ပိုးတွေ့လူနာ
အမှတ် ၆၄ နှင့်အတူ မြန်မာ့လေကြောင်းလိုင်း လေယာဉ်ခရီးစဉ်ဖြင့် အတူစီးနင်းလာသည့် ရှမ်းပြည်နယ်တောင်ပိုင်း
ဒေသမှ ၁၄ ဦးလုံး ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပြီး ၎င်းတို့ကို သက်ဆိုင်ရာ ဒေသအသီးသီးတွင်
Quarantine ထားရှိ စောင့်ကြည့်လျက်ရှိကြောင်း ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်
ကုသရေးဦးစီးဌာနမှ ဒေါက်တာနှင်းအိဖြူထံက သိရသည်။
.
.
အဆိုပါ
၁၄ ဦးအနက် တောင်ကြီးမြို့မှ စောင့်ကြည့်သူ ၉ ဦး၊ ဟဲဟိုးမြို့မှ တစ်ဦး၊ အောင်ပန်းမြို့မှ
တစ်ဦး၊ ညောင်ရွှေမြို့မှ တစ်ဦး၊ မိုင်းပွန်မြို့မှ တစ်ဦး၊ ဟိုပုံးမြို့မှ တစ်ဦးတို့ကို
သက်ဆိုင်ရာ ဆေးရုံ၊ အဆောက်အဦများ၌ Quarantine
ပြုလုပ်၍ အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်းများကို ဆောင်ရွက်ထားရှိထားကြောင်း
သိရသည်။
“သူတို့ရဲ့
ဓါတ်ခွဲနမူနာတွေကို ဒီနေ့မှာ အမျိုးသားဓါတ်ခွဲခန်းကို ပို့မှာပါ။ အားလုံးကတော့ ကျန်းမာရေးအခြေအနေ
ကောင်းနေပါတယ်။ အောင်ပန်းကတစ်ယောက်ကတော့ စိတ်ရောဂါ အခံရှိတဲ့အတွက် စဝ်စံထွန်းဆေးရုံမှာ
သမားတော် ကြီးတွေ၊ စိတ်ရောဂါအထူးကုဆရာဝန်တွေ တွဲပြီးကြည့်ပေးနေပါတယ်။ ဟဲဟိုးက တစ်ယောက်ကလည်း
လည်ပင်းနာ လာတယ်။ အဖျားလည်း ရှိလာတဲ့အတွက် ဟဲဟိုးဆေးရုံမှာ ကုသမှုပေးနေပါတယ်။ သူကတော့
Case 64 နဲ့
လေယာဉ် ပေါ်မှာ ရှေ့ခုံနောက်ခုံ ထိုင်ခဲ့တာပါ” ဟု ဒေါက်တာနှင်းအိဖြူက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
ထို့အတူ
အဆိုပါ COVID-19 အတည်ပြုလူနာ အမှတ် ၆၄ နှင့်အတူ ရန်ကုန်-ဟဲဟိုး-ကျိုင်းတုံသို့ လေယာဉ်ဖြင့်
အတူပြန် လာသည့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသမှ ဆက်စပ်သူများကိုလည်း သက်ဆိုင်ရာနေရာများတွင်
Quarantine ထားရှိ၍ အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။
.