ထက်တိုင်းကျော်
.
ရှမ်းပြည်နယ် အရှေ့ပိုင်း၊
မိုင်းဖြတ်မြို့မှ COVID-19 အတည်ပြုလူနာ အမှတ်(၆၄) ဖြစ်သော အသက် ၂၃ နှစ်အရွယ်
အမျိုးသားသည် ဆေးကုသမှု ခံယူရန် အတွက် ယနေ့ (ဧပြီလ ၁၅ ရက်)၊ ည ၇ နာရီ၊ မိနစ် ၂၀ တွင်
ကျိုင်းတုံဆေးရုံသို့ ရောက်ရှိလာကြောင်း သိရသည်။
.
လူနာ အမှတ်(၆၄)သည် စင်္ကာပူနိုင်ငံမှ
မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသော လူနာအမှတ် (၂၄) ဖြစ်သည့် အသက် ၃၂ အရွယ်
အမျိုးသားနှင့် ထိတွေ့မှု ရှိခဲ့သဖြင့် ဓါတ်ခွဲ နမူနာအား စစ်ဆေးစဉ် COVID-19 ပိုး တွေ့ရခြင်း
ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
.
“ ပြည်သူတွေ အနေနဲ့ တအားကြီး စိုးရိမ်စိတ်
မဖြစ်ဘဲ ကျန်းမာရေးဌာနနဲ့ အုပ်ချုပ်ရေးပိုင်းကနေ ထုတ်ပြန် အသိ ပေးထားတဲ့ အတိုင်း လေးစား
လိုက်နာကြစေချ င်ပါတယ်။” ဟု ရှမ်းပြည်နယ် အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးနှင့်
ကုသရေးဦးစီးဌာနမှူး ဒေါက်တာ မြင့်ကျော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ အတည်ပြုလူနာအား
ကျိုင်းတုံ ပြည်သူ့ဆေးရုံရှိ ကူးစက်ရောဂါ အထူးကြပ်မတ် ကုသဆောင်တွင် ထားရှိ၍
ဆေးကုမှု ပေးမည် ဖြစ်ကာ လတ်တလောတွင် လူနာ၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်နေလျက်
ရှိကြောင်း သိရသည်။