စာသင်သား ရဟန်း၊ သာမဏေ၊ သီလရှင်၊ ယောဂီများအား သက်ဆိုင်ရာဒေသများသို့ ပြန်လည် သီတင်းသုံးရန် ညွှန်ကြားထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

စာသင်သား ရဟန်း၊ သာမဏေ၊ သီလရှင်၊ ယောဂီများအား သက်ဆိုင်ရာဒေသများသို့ ပြန်လည် သီတင်းသုံးရန် ညွှန်ကြားထား


COVID-19 နှင့် ပတ်သက်၍ ရောဂါ မထိန်းချုပ်နိုင်သေးမီ ကာလအတွင်း၌ မြန်မာနိုင်ငံရှိ စာသင်တိုက်၊ ကမ္မဌာန်းရိပ်သာ အသီးသီးမှ စာသင်သား ရဟန်း၊ သာမဏေ၊ သီလရှင်၊ ယောဂီများအား သက်ဆိုင်ရာ ဒေသများသို့ ပြန်လည် သတင်းသုံးရန် နိုင်ငံတော်သံဃမဟာနယကအဖွဲ့က ဧပြီလ ၄ ရက်တွင် ထုတ်ပြန် ညွှန်ကြားခဲ့သည်။
.
အဆိုပါ နိုင်ငံတော်သံဃမဟာနယကအဖွဲ့၏ ထုတ်ပြန်ချက်တွင် ရောဂါ မထိန်းချုပ်နိုင်သေးမီ ကာလအတွင်း ပရိယတ္တိ စာသင်တိုက်များ၊ ကမ္မဌာန်းရိပ်သာများတွင် မိမိတို့ တာဝန်ယူ ထိန်းသိမ်း စောင့်ရှောက်နိုင်သော အရေအတွက်မျှကိုသာ ထားရှိ၍ ကျန် ရဟန်း၊ သာမဏေ၊ သီလရှင်၊ ယောဂီများကို သက်ဆိုင်ရာ ဒေသများသို့ ပြန်လည် သီတင်းသုံး ကြွရောက်စေရေး တိုင်းဒေသကြီး/ပြည်နယ် သံဃနာယက အဖွဲ့များက စာသင်တိုက်ကြီးများနှင့် ကမ္မဌာန်းရိပ်သာများ၏ ပဓာနနာယက ဆရာတော်များထံ အကြောင်းကြားစေရေး ညွှန်ကြားရန်ဟု ဖော်ပြ ပါရှိသည်။
.

အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ တာဝန်ကျ (တတိယအဖွဲ့ခွဲ)၏ ပထမအကြိမ် တတိယ အစည်းအဝေးတွင် ယင်းကဲ့သို့ ထုတ်ပြန်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက)နှင့် တာဝန်ကျ (ပထမအဖွဲ့ခွဲ) ဆရာတော် ၁၃ ပါးတို့ တက်ရောက်တော် မူကြသည့်အပြင် သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းညွန့်နှင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
.
ပြည်ပနိုင်ငံများမှ ပြန်လည် ရောက်ရှိလာသူများကို COVID-19 နှင့် ပတ်သက်၍ အသွားအလာ ကန့်သတ် (Quarantine) ရန်အတွက် မြန်မာ တစ်နိုင်ငံလုံး ဗုဒ္ဓဘာသာ ဘာသာရေးဆိုင်ရာ အဆောက်အဦ ၂၆ ခုတွင် လူဦးရေ စုစုပေါင်း ၈၂၀ ကို နေထိုင် ထားရှိခွင့် ပြုထားကြောင်း သိရသည်။

Journal Download

Photo of three cats