တောင်ကြီးမြို့ စူဠာမုနိဘုရား ရင်ပြင်တော်ရှိ ဆိုင်ခန်းများအား ငှားရမ်းခ ၃ လစာ ကင်းလွတ်ခွင့်ပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ စူဠာမုနိဘုရား ရင်ပြင်တော်ရှိ ဆိုင်ခန်းများအား ငှားရမ်းခ ၃ လစာ ကင်းလွတ်ခွင့်ပေး


စုလှိုင်
.
ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့ ကျက်သရေဆောင် စူဠာမုနိလောကချမ်းသာ စေတီတော်၏ ရင်ပြင်တော်ရှိ COVID-19 ကာကွယ်ရေးအတွက် ပိတ်သိမ်းထားရသည့် ဈေးဆိုင်ခန်းများ၏ ဆိုင်ခန်း ငှားရမ်းခ ၃ လစာအား ဧပြီလမှ စတင်၍ ကင်းလွတ်ခွင့် ပေးထားကြောင်း သိရသည်။
.
“ ဧပြီလကနေ စပြီး ၃ လစာ မယူပါဘူး ။ မတ်လ ၃၀ ရက်က စပြီး စူဠာမုနိစေတီတော်ကို Lockdown စ လုပ်တယ် ။ ၃ လစာ လျှော့ပေးတဲ့အပြင် ဝန်ထမ်းတွေကိုလည်း အလုပ် တစ်ဝက် ဆင်းပေါ့ တစ်ဝက်ဆီပေါ့။ ဒါပေမဲ့ လစာ အပြည့် ပေးထားတယ် ။ နောက်ပြီး ဆီ ၂ ပိဿာ၊ ဆန်တစ်အိတ် လည်း ပေးတယ် ဟု တောင်ကြီးမြို့ စူဠာမုနိ  လောကချမ်းသာ စေတီတော် ဂေါပကအဖွဲ့မှ ဦးသူရစောသိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

COVID 19 ရောဂါ ကူးစက်မှုအား ကာကွယ်နိုင်စေရေး အတွက် စူဠာမုနိဘုရားကို မတ်လ ၃၀ ရက်က စပြီး Lockdown ပြုလုပ်ကာ ရင်ပြင်တော်ရှိ အရောင်းဆိုင်ခန်းများကို ဧပြီလ၊ မေလ နှင့် ဇွန်လအတွက် ၃ လစာ ဆိုင်ခန်းခ ကင်းလွတ်ခွင့် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
“ ဘုရားပေါ်က ဆိုင်ခန်းတွေကို နာယကကြီးတွေရဲ့ ညွှန်ကြားချက်အရ ဂေါပကအဖွဲ့က ၃ လစာ ဆိုင်ခန်းခ ကင်းလွတ်ခွင့် ပေးထားတယ်။ ဆိုင်ခန်းရှင်တွေကလည်း ကျေးဇူးတင်နေကြပါတယ်။ စျေးသည်တွေ အကုန်လုံးကလည်း ဝမ်းသာနေကြတာ ခုလိုအချိန်မှာ ငဲ့ညှာပေးတဲ့အတွက်ပေါ့။ဟု တောင်ကြီး စူဠာမုနိစေတီတော် ရင်ပြင်တွင် ဈေးရောင်းချနေသူ တစ်ဦးက ပြောသည်။
.
ကျန်စစ်မင်းကြီး ပုဂံ၌ တည်ထားကိုးကွယ်ခဲ့သည့် အာနန္ဒာဘုရား ပုံစံတူအတိုင်း တောင်ကြီးမြို့ရှိ စူဠာမုနိ လောကချမ်းသာ စေတီတော်ကို ၁၉၉၆ ခုနှစ်တွင် တည်ထား ကိုးကွယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats