“ဝ” အထူးဒေသ(၂)သို့ ပြန်လည် ရောက်ရှိသူများကို တဲငယ်များ၌ ထားရှိ၍ အသွားအလာ ကန့်သတ်ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

“ဝ” အထူးဒေသ(၂)သို့ ပြန်လည် ရောက်ရှိသူများကို တဲငယ်များ၌ ထားရှိ၍ အသွားအလာ ကန့်သတ်ထား


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်အတွင်းရှိ UWSA တောင်ပိုင်းအထူးဒေသ(၂) တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ် စောင့်ကြည့် နိုင်ရေးအတွက် ဒေသအသီးသီးမှ နယ်မြေအတွင်းသို့ ပြန်ရောက်လာသူများကို တဲငယ်များ၌ ထားရှိ၍ အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။
.
လုပ်တာကတော့ နှစ်လပိုင်းကတည်းက ခုလို စောင့်ကြည့်တာပါ။အိမ်သာ၊ ရေချိုးခန်းက အစ ပါအောင် လုပ်ထားပါတယ်၊ PPE ဝတ်စုံနဲ့ လက်အိတ်၊ မျက်နှာစည်းတွေတော့ မလောက်ဘူးရှင့်၊ ပုံပါကျင် ကျန်းမာရေးမှူးနဲ့ မြို့နယ်ဆရာဝန်ကြီးတို့ရဲ့ လမ်းညွှန်မှုအတိုင်း ဆောင်ရွက်နေပါတယ်၊ ခုချိန်ထိတော့ တစ်ယောက်မှ ရောဂါမတွေ့ပါဘူး။” ဟု ဟွေအောနယ်မြေ မှ UWSA ကျန်းမာရေး တာဝန်ခံ ဒေါ်နာလဲ့က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

UWSA တောင်ပိုင်းအထူးဒေသ(၂) နယ်မြေအတွင်း အသွားအလာ ကန့်သတ်၍ ရောဂါစောင့်ကြည့်ရေး လုပ်ငန်းများကို မိုင်းတုံမြို့နယ်ရှိ  ဟွေအော၊ မိုင်းကျွတ်၊ ခိုင်းလုံနှင့် မိုင်းဆတ်မြို့နယ်ရှိ မိုင်းကန်း၊ ဝမ်ဟုန်၊ မိုင်းယွန်း(ပိန်းခမ်း) စသည့် ၆ နေရာ သတ်မှတ်ပြုလုပ်နေခြင်း ဖြစ်ပြီး တဲငယ်များ ဆောက်လုပ်၍ သီးခြားစီ ၁၄ ရက် ထားရှိ၍ စောင့်ကြည့်နေခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ဆောင်ရွက်မှုကို ပြီးခဲ့သည့် မတ်လ ၁ ရက်က စတင်ဆောင်ရွက်ခြင်း ဖြစ်ပြီး လူဦးရေ စုစုပေါင်း ၃၀၀ ကျော်ခန့်ကို စောင့်ကြည့် ကြည့်ရှုပေးခဲ့ပြီး အသွားအလာ ကန့်သတ်၍ စောင့်ကြည့်ခဲ့သူ အများစုမှာ တာချီလိတ်၊ မိုင်းလား၊ ပန်ဆန်းနှင့် ထိုင်းနိုင်ငံမှ ပြန်လာသူများ ဖြစ်ကြောင်း သိရသည်။
.
ကိုယ် အပူချိန်ကို တစ်ရက် ကြိမ် မနက်နဲ့ ညနေ တိုင်းပါတယ်၊ သူတို့အတွက်လည်း နယ်မြေက ကျွေးပါတယ်၊ တစ်ရက် ၁၅ ဘတ်နဲ့ ဟင်းချက်စရာ ဆန် ပေးပါတယ်၊ ကိုယ်တိုင် ချက်စားနိုင်အောင်လို့ပါ၊ ၁၄ ရက် မပြည့်ခင ်ဘယ်မှတော့ သွားလာခွင့် မရှိပါဘူး၊ ရွာထဲကို ပေး မဝင်ပါဘူး၊ စောင့်ကြည့်တဲတွေကနေ ဝင်/ထွက် ရှိတိုင်း ဆေးဖြန်းရေး လုပ်ဆောင်ပေးနေပါတယ်၊ ဆေးတော့ နည်းနေပြီ မြို့နယ်ကို တင်ပြထားပါတယ်ထူးခြားဖြစ်စဉ်နဲ့ သတင်း အတည်ပြုမှုတွေကို မြို့နယ်ကျန်းမာရေးဌာနကို ပို့ဆောင်ရင်း အချိန်နဲ့ အမျှ လုပ်ဆောင်နေပါတယ်။” ဟု ပုံပါကျင် ကျန်းမာရေမှူး ဦးမြင့်စိုးထွန်းက ပြောသည်။
.
မိုင်းတုံမြို့နယ်သည် ထိုင်းနိုင်ငံနှင့် မိုင်ပေါင်း၄၆ မိုင် ၅ ဖာလုံခန့် ထိစပ်နေပြီး COVID-19 ရောဂါ ထိန်းချုပ် ကာကွယ်နိုင်ရန်အတွက် နယ်စပ်တစ်လျှောက်တွင် “တပ်စခန်းများ တည်ရှိနေသဖြင့် နိုင်ငံပြင်ပမှ တရားမဝင် ပြန်လည် ဝင်ရောက်လာသူများကို လတ်တလောတွင် ထိန်းချုပ်နိုင်စွမ်း ရှိနေကြောင်း တာဝန် ရှိသူများထံမှ သိရသည်။

Journal Download

Photo of three cats