စုလှိုင်
.
ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ တောင်လားကျေးရွာအုပ်စု၊ ငှက်ပျောပင်ကျေးရွာတွင် အမျိုးသမီး တစ်ဦးအား သားမယား အဖြစ် ပြုကျင့်ရန် ကြံစည်သူ
အမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီး ထားကြောင်း သိရသည်။
.
ကလောမြို့နယ် ငှက်ပျောပင်ကျေးရွာ၊ တောင်လား
ကျေးရွာနေ မ ...
သည် မတ်လ ၂၁ ရက် ညပိုင်း၌ ရွာအရှေ့ပိုင်းရှိ အဒေါ်ဖြစ်သူ၏ နေအိမ်တွင် ဗီဒီယို ကြည့်၍ တစ်ဦးတည်း လမ်းလျှောက် ပြန်လာစဉ် လမ်းတစ်ဝက် အရောက်တွင်
တစ်ရွာတည်းနေ မျိုးဇော်က နောက်မှ လိုက်လာပြီး
မ... ၏ ပါးစပ်အား ပိတ်ပြီး
ဆံပင်ကို ဆွဲ၍ မြေကြီးပေါ်သို့
တွန်းလှဲကာ သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်ခဲ့သဖြင့် အော်ဟစ် အကူအညီ တောင်းခဲ့ရာ မ... ၏
မောင်ဖြစ်သူ ရောက်ရှိလာခဲ့သဖြင့် မျိုးဇော်မှာ ထွက်ပြေး
သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ
ဖြစ်စဉ်နှင့် ပတ်သက်၍ ရွာ၌ မင်္ဂလာပွဲ ရှိ၍ ချက်ချင်း တိုင်ကြားမှု မပြုဘဲ မတ်လ ၂၄ ရက်မှသာ ကျေးရွာ ရာအိမ်မှူး
ဦးလှကျော်ထံ
တိုင်ကြားခဲ့ရာ ရာအိမ်မှူးမှ မျိုးဇော်အား ခေါ်ယူပြီး
ဆွေးနွေး ညှိနှိုင်းခဲ့သော်လည်း
အဆင်မပြေ ခြင်းကြောင့် မျိုးဇော်အား ဥပဒေအရ အရေးယူပေးရန် မတ်လ ၃၁ ရက်တွင် မ ... မှ
ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့ကြောင်း သိရသည်။
.
" ၃၇၆/၅၁၁ နဲ့ အရေးယူထားတယ် ၊ ကြံစည်သူကို ဖမ်းထားတယ်။ ကလောရဲစခန်းမှာပဲ ချုပ်ထားတယ်၊
ဖြစ်တာက မတ်လ၂၁ ရက် ည ၇ နာရီက ဖြစ်တာ
အခုမှ သူ့တို့က လာတိုင်တယ်။” ဟု
ကလောမြို့မ ရဲစခန်းမှ ဒုရဲမှူးလှနိုင်က ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
ယင်းကဲ့သို့ မ ...
အား သားမယားအဖြစ် ကြံစည်ခဲ့သူ
မျိုးဇော် အား ကလောမြို့မရဲစခန်းတွင် (ပ)၄၇/ ၂၀၂၀ ရာဇသတ်ကြီး
ပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း
သိရသည်။
.