နန်းလှိုင်လှိုင်ဦး (မိုင်းကိုင်)
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသေးသည့် အခြေခံ လူတန်းစား အိမ်ထောင်စုများအား
နိုင်ငံတော်မှ ထောက်ပံ့ပေးသော
စားသောက်ကုန် ၅ မျိုးကို စတင် ထောက်ပံ့ ဖြန့်ဝေနေပြီ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စားသောက်ကုန်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ထုတ်ပိုးမှုများ
ဆောင်ရွက်ပြီးနောက် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ အခြေခံလူတန်းစား စာရင်းများအလိုက်
ဧပြီလ ၁၀ ရက်က စတင်၍ ထောက်ပံ့မှုများ ပြုလုပ်နေခြင်း
ဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ စားသောက်ကုန် ထောက်ပံ့မှုများကို
လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်
ဌာနဆိုင်ရာများ၏
ကြီးကြပ်မှုဖြင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၉ ခု၊ ကျေးရွာပေါင်း ၂၂၂ ရွာတို့တွင် ရှိသော
အခြေခံလူတန်းစား အိမ်ထောင်စု ၁၄၅၄ အိမ်ထောင်စု၊
လူဦးရေပေါင်း ၆၀၀၀ ဦးတို့အတွက် တစ်အိမ်ထောင်လျှင်
ဆန် ၈ ပြည်၊ ဆား ၅၀ ကျပ်သား၊
ဆီ ၅၀ ကျပ်သား ၊ ကြက်သွန်နီတစ်ပိဿာ၊
ပဲတစ်ပိဿာ စသည့် အခြေခံ စားသောက်ကုန် ၅ မျိုးကို အခမဲ့ဖြန့်ဖြူး ပေးနေခြင်း ဖြစ်ကြောင်း
သိရသည်။
.