ထီရောင်းရငွေ ၆၀ ရာခိုင်နှုန်းအပြင် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း ၂၅၀ ကိုပါ ထီဆုငွေအဖြစ် ပေးအပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ထီရောင်းရငွေ ၆၀ ရာခိုင်နှုန်းအပြင် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း ၂၅၀ ကိုပါ ထီဆုငွေအဖြစ် ပေးအပ်မည်

စိုင်းသိင်္ခသူ
.
ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲမှ မေလ ၁ ရက်တွင် ဖွင့်လှစ်မည့် ၁၅ ကြိမ်မြောက် ၁၀၀၀ ကျပ်တန် ထီဖွင့်ပွဲတွင် ထီရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်းအပြင် ဆု ထုတ်ယူခြင်း မရှိသည့် ဘဏ္ဍာသိမ်းငွေ ကျပ်သန်း ၂၅၀ ကိုပါ ဆုငွေအဖြစ် ပေးအပ်သွားမည် ဖြစ်သည်ဟု  အောင်ဘာလေသိန်းဆုဌာနခွဲမှ ဧပြီလ ၂၉ ရက်က ထုတ်ပြန် ကြေညာထားသည်။
.
အဆိုပါ ကြေညာချက်တွင် ၁၅ ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေသိန်းဆု ဖွင့်ပွဲအတွက် (က) အက္ခရာမှ (ကင) အက္ခရာအထိ အက္ခရာ စုစုပေါင်း ၃၈ လုံးအထိထိ စာအုပ် ၃၁၀၉၀၉၄ အုပ်အား ရောင်းချခဲ့ရာတွင် ထီစာအုပ် ၁၂၉၇၃၉၉ ရောင်းချခဲ့ပြီး ဖြစ်ကာ ထီစာအုပ်ရောင်းရငွေ ကျပ်သန်း ၁၂၉၇၃ ဒသမ ၉၉၀ အနက် ၆၀ ရာခိုင်နှုန်း ဖြစ်သည့် ကျပ်သန်း ၇၇၈၄ ဒသမ ၃၉၄ သန်းအပြင် သတ်မှတ်ကာလအတွင်း ထုတ်ယူခြင်း မရှိခဲ့သည့် ဆုမဲများ၏ ဘဏ္ဍာသိမ်း ရငွေများမှ ကျပ်သန်း ၂၅၀ ကိုလည်း ထီဆုငွေအဖြစ် ဖွင့်လှစ်ပေးသွားမည် ဖြစ်သည်ဟု ဖော်ပြပါရှိသည်။
.

ခွဲဝေချီးမြှင့်မည့် ဆုများမှာ အထူးဆုကြီးစနစ်မှ ကျပ်သိန်း ၁၅၀၀၀ (၁)ဆု၊ ကျပ်သိန်း ၁၀၀၀၀ (၁)ဆု၊ ကျပ်သိန်း ၅၀၀၀ (၁)ဆု၊ ကျပ်သိန်း၂၀၀၀ (၂)ဆု၊ ကျပ်သိန်း ၁၀၀၀ (၂)ဆု၊ ဆု တစ်ဆုချင်း စနစ်မှ ကျပ်သိန်း ၅၀၀ (၁၀)ဆု၊ ကျပ်သိန်း ၂၀၀ (၁၁)ဆု၊  ကျပ်သိန်း ၁၀၀ (၁၂)ဆု၊  ကျပ်သိန်း ၅၀ (၁၂)ဆု၊  ကျပ်သိန်း၂၀ (၁၅)ဆု၊  ကျပ်သိန်း ၁၀ (၁၆)ဆုနှင့် ပဒေသာဆုမဲစနစ်မှ ကျပ်၃ သိန်း (၆၀)ဆု၊ ကျပ် ၂ သိန်း (၆၀၀)ဆု၊ ကျပ် ငါးသောင်းဆုများကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် သတ်မှတ်ကာလအတွင်း ထုတ်ယူခြင်း မရှိခဲ့သည့် ဆုမဲများ၏ ဘဏ္ဍာသိမ်းရငွေများမှ ကျပ်သန်း ၂၅၀ ကို ပဒေသာဆုမဲစနစ်ဆွင် ကျပ် ၃ သိန်း (၂၀)ဆု၊ ကျပ် ၂ သိန်း(၂၀၀)ဆု၊ ကျပ် ၁ သိန်း(၂၀၀၀) ဆုနှင့် ဆုတစ်ဆုချင်း စနစ်တွင် ကျပ်၁၀ သိန်း (၄)ဆုကို ထည့်သွင်း ချီးမြှင့်သွားမည်ဟု သိရသည်။
.
လာမည့် မေလ ၁ ရက်တွင် ဖွင့်လှစ်မည့် (၁၅)ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီ ဆုဖွင့်ပွဲကို နံနက် ၇ နာရီခွဲမှ စတင်၍ ရန်ကုန်မြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ၊ ထီဖွင့်ပွဲခန်းမ၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats