ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့မှာ ရပ်ကွက်အလိုက် သတ်မှတ်ထားတဲ့ ယာယီဈေးတွေမှာ ဈေး ရောင်းချသူတွေ၊ ဈေးဝယ်သူတွေနဲ့ လူစုလူဝေး ဖြစ်ပေါ်နေပြီး COVID-19 ကပ်ရောဂါ ကူးစက်မှုကို ဖိတ်ခေါ်သလို ဖြစ်နေတယ်လို့ ဒေသခံတွေက ဝေဖန်ပြောဆိုနေကြပါတယ်။