.
ရှမ်းပြည်နယ်တောင်ပိုင်း၊
ကလောမြို့၊ ဘူတာရုံတွင် နှစ်လုံးထီ လောင်းကစား ပြုလုပ်နေသည့် အမျိုးသမီးကို ရဲတပ်ဖွဲ့က
ဧပြီလ ၁၀ ရက် ညနေပိုင်းတွင် ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။
.
ကလောမြို့မရဲစခန်းမှ ရဲအုပ်
ဆန်းလွင် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် လှည့်ကင်း ဆောင်ရွက်နေစဉ် ကလောမြို့
ဘူတာရုံရှေ့ရှိ ခရီးသည်များ နေထိုင်သည့် တန်းလျား၌ ကလောမြို့၊ အမှတ်(၃) ရပ်ကွက်တွင်
နေထိုင်သော မဝေဝေနှင်းအား နှစ်လုံးထီ ဘောင်ချာ စာအုပ်ဖြင့် နှစ်လုံးထီ ရေးမှတ်၍ လောင်းကစား
လုပ်နေသည်ကို တွေ့ရှိရသဖြင့် သက်သေများနှင့် အတူ ဖမ်းဆီခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
.
"ဒီနေ့ ညနေခင်းမှာ
လောင်းကစားဥပဒေနဲ့ အရေးယူထားပါတယ် ” ဟု
ကလောမြို့မ ရဲစခန်းမှ ဒုရဲမှူး လှနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ အများပြည်သူ ဝင်/ထွက် သွားလာသည့်
ကလောဘူတာတွင် တရားမဝင် နှစ်လုံးထီ လောင်းကစား ပြုလုပ်သူ မဝေဝေနှင်းအား ကလောနယ်မြို့ရဲစခန်းမှ
(ပ)၅၃/၂၀၂၀ လောင်းကစား ဥပဒေ ပုဒ်မ ၁၈(က)/၁၉(က)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း
သိရသည်။
.