.
ရှမ်းပြည်နယ်
ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မိုင်းပျဉ်းမြို့ ပြည်သူ့ဆေးရုံနှင့်
တုံတာ ဆေးရုံတို့တွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက် လိုအပ်သည့် နှာခေါင်းစည်း(Mask)၊
PPE ဝတ်စုံ၊ လက်အိတ်၊
မျက်မှန်၊ အပူချိန်တိုင်း ကိရိယာ၊ လက်သန့်ဆေးရည်၊ လည်ရှည် ဖိနပ်၊ ကျန်းမာရေး
ဝန်ထမ်းများအား လိုအပ်သည့် နေရာများတွင်အသုံးပြုနိုင်ရန် ထောက်ပံ့ငွေများကို ဧပြီလ ၁၇ ရက်က ပေးအပ်ခဲ့ကြောင်း သိရသည်။
.
ထို့အတူ ဧပြီလ
၁၈ ရက်တွင် ကျိုင်းတုံ ဆေးရုံတွင် လိုအပ်သည့် Ventilator
၁ လုံးနှင့် COVID-19 ရောဂါ ကာကွယ်ရေးအတွက် လိုအပ်သည့် ပစ္စည်းများကို လည်းကောင်း၊
မိုင်းခတ်ဆေးရုံနှင့် မိုင်းယန်းဆေးရုံတို့အတွက် COVID-19 ရောဂါ
ကာကွယ်ရေးအတွက် လိုအပ်သည့် ပစ္စည်းများ၊ ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကို
လည်းကောင်း ပေးအပ်ခဲ့ကာ ကမ္ဘောဇဘဏ်မှ ပြည်သူများအတွက် လှူဒါန်းသည့် ဆန်အိတ် ၁၀၀၀
ကို ပြည်နယ်အစိုးရ အဖွဲ့က လက်ခံခဲ့ကြောင်း သိရသည်။
.
ထို့အပြင်
ရှမ်းပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်နှင့် အစိုးရအဖွဲ့ဝင်
ဝန်ကြီးများသည် ရှမ်းပြည်နယ် တောင်ပိုင်းရှိ မောက်မယ်၊ လင်းခေး၊ မိုင်းပန်၊
မိုးနဲမြို့များရှိ ဆေးရုံ၊ Quarantine စင်တာ၊
ဘုန်းတော်ကြီးကျောင်းများတွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက်
လိုအပ်သည့် ပစ္စည်းများ၊ ထောက်ပံ့ရေး ပစ္စည်းများကို ဧပြီလ ၁၈ ရက်က ပေးအပ်ခဲ့ကြောင်း
သိရသည်။
.
အဆိုပါ
ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၏ လှူဒါန်းမှုများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ကမ္ဘောဇဘဏ်၊
ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီနှင့် အလှူရှင်
အသီးသီးတို့၏ ထည့်ဝင် လှူဒါန်းမှုများဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။