ရှမ်းပြည်နယ်က COVID-19 အတည်ပြုလူနာ ၃ ဦးရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေ (ရုပ်သံ) - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်က COVID-19 အတည်ပြုလူနာ ၃ ဦးရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေ (ရုပ်သံ)


.
ရှမ်းပြည်နယ်က COVID-19 အတည်ပြုလူနာ ၃ ဦးရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေတယ်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ် လူမှုရေး ဝန်ကြီး ဒေါက်တာ မျိုးထွန်းက ပြောပါတယ်။
.
လာရှိုးဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ လူနာအမှတ် (၁၄)ဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသား၊ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ လူနာအမှတ် (၂၉) ဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသား၊ ကျိုင်းတုံဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ လူနာအမှတ်(၆၄) ဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသားတို့ရဲ့ ကျန်းမာရေး အခြေအနေဟာ ကောင်းမွန်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

Journal Download

Photo of three cats