နန်းဝင်းရီ
.
ရှမ်းပြည်နယ်၊
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ချုပ်ချပ်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းမှ
သံဃာတော်များကို အောင်ပန်းတပ်နယ်မှ တပ်မတော်သားများက ယနေ့ (ဧပြီလ ၁၇ ရက်)တွင် ကျန်းမာရေး
စောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
.
အောင်ပန်းတပ်နယ်မှ
နယ်မြေမှူး ဗိုလ်မှူးကြီး ကျော်စွာထွန်း၊ အမှတ်(၂) တပ်မတော်ဆေးရုံ (ကုတင် ၇၀၀)မှ
ဒုဗိုလ်မှူးကြီး ဝင်းသော် ဦးစီးသော နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ချုပ်ချပ်ကျေးရွာရှိ
ဘုန်းတော်ကြီးကျောင်းမှ သံဃာတော် အပါး ၇၀ ကို ကိုယ်ပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်
တိုင်းတာပေးခြင်း၊ သွေးချိုဖောက် စစ်ဆေးခြင်းနှင့် အခြား ကျန်းမာရေး စစ်ဆေးမှုများ
ပြုလုပ်ပေးကာ လိုအပ်သည့် ဆေးဝါးများအား လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်အရာရှိ
တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ အောင်ပန်းတပ်နယ်မှ
နယ်မြေမှူး ဗိုလ်မှူးကြီး ကျော်စွာထွန်း ဦးဆောင်သော တပ်မတော်သားများသည် အောင်ပန်း
တိုက်နယ်ဆေးရုံနှင့် ပွေးလှတိုက်နယ် ဆေးရုံမှ ကျန်းမာရေး ဝန်ထမ်းများအတွက် PPE ဝတ်စုံနှင့် Mask များကို ထောက်ပံ့
လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။
.