.
“ ချောင်းဆိုးတာတော့ ရှိတယ်။
သူ့ကို Home Quarantine ကနေ ဆေးရုံကို ခေါ်နေပါပြီ။ ဗုဒ္ဓဂါယာကို
သွားတာပေါ့၊ အဲဒီကနေ တဆင့် ဒူဘိုင်းက ပြန်လာတယ်၊ အသေးစိတ်တော့ ခုမှ စိစစ်နေတုန်းပါ။
မူဆယ် ရောက်တော့ Home Quarantine ထားတယ်။ ချောင်းဆိုးလာတော့
ဓါတ်ခွဲစစ်လိုက်တော့ ပေါ်တာပေါ့။” ဟု ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်သူ့ကျန်းမာရေးနှင့်
ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ တင်မောင်ညွန့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ အတည်ပြု လူနာအမှတ်
(၁၄၃)သည် မတ်လ ၁၆ ရက်တွင် သမီးဖြစ်သူနှင့်အတူ ဒူဘိုင်းမှ ရန်ကုန်သို့ လေယာဉ်ဖြင့် ပြန်လာပြီး
Hotel Quarantine ပြုလုပ်ပြီးနောက် မတ်လ ၃၀ ရက်တွင် ရန်ကုန်မှ လားရှိုးသို့ လေယာဉ်ဖြင့်
လည်းကောင်း၊ လားရှိုးမှ မူဆယ်သို့ မော်တော်ယာဉ်ဖြင့် လည်းကောင်း ပြန်လာသူ ဖြစ်ကာ နေအိမ်၌
Home Quarantine ပြုလုပ်နေစဉ်
ချောင်းဆိုးသည့် အတွက် ဓါတ်ခွဲနမူနာအား စစ်ဆေးရာ COVID-19 ပိုး တွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်တွင် COVID-19 အတည်ပြုလူနာ စုစုပေါင်း ၇ ဦး ရှိပြီ ဖြစ်ကာ ၎င်းတို့မှာ
ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ၃ ဦး၊ တောင်ပိုင်းတွင် ၂ ဦးနှင့် မြောက်ပိုင်းတွင် ၂
ဦး ဖြစ်ပြီး လူနာအမှတ်(၁၄၃)နှင့် ဆက်စပ်သူ/ ထိတွေ့သူများအား ကျန်းမာရေးဌာနမှ စုံစမ်း
ရှာဖွေမှုများ ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။
.
#KBZTai #Shan #News
#ZayYar
.