ရှမ်းပြည်နယ် ပြည်သူလူထု စားနပ် ရိက္ခာထောက်ပံ့ရေး ကော်မတီက လှူဒါန်းသည့် ပစ္စည်းများ ကျိုင်းတုံသို့ ရောက်ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ် ပြည်သူလူထု စားနပ် ရိက္ခာထောက်ပံ့ရေး ကော်မတီက လှူဒါန်းသည့် ပစ္စည်းများ ကျိုင်းတုံသို့ ရောက်ရှိ


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ် ပြည်သူလူထု စားနပ် ရိက္ခာထောက်ပံ့ရေး ကော်မတီက ရှမ်းပြည်နယ် အရှေ့ပိုင်းအတွက် လှူဒါန်းသည့် ထောက်ပံ့ရေးပစ္စည်းများနှင့် ရိက္ခာများမှာ ယနေ့ (ဧပြီလ ၁၃ ရက်) တွင် ကျိုင်းတုံမြို့ရှိ ရှမ်းပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိပြီ ဖြစ်ကြောင်း သိရသည်။
.
ကျိုင်းတုံမြို့သို့ ရောက်ရှိပြီ ဖြစ်သည့် ထောက်ပံ့ရေးပစ္စည်းများနှင့် ရိက္ခာများမှာ ဆန်အိတ် ၁၀၀၀၊ Mask ၃၀၀၀ ခု၊ Hand Gel ၁၅၀ ဘူး၊ PPE(Medical) ၅၀ စုံ၊ PPE(Normal) ၂၅၀ စုံ၊ လက်သန့်ဆေးရည် ၆၀ ပုလင်း၊ ကြက်ဥ ၅၀၀၀ လုံး၊ အရက်ပျံ ၆၀ ပုလင်းတို့ ဖြစ်ပြီး ယင်းပစ္စည်းများအား ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူများအား Quarantine ပြုလုပ်ရာတွင် အနီးကပ် ပြုစု စောင့်ရှောက်ရသည့် ကျန်းမာရေးဝန်ထမ်းများနှင့် အခြားသော ပရဟိတ အဖွဲ့များအတွက် ဖြစ်ကြောင်း သိရသည်။
.
“ COVID-19  ပြည်သူလူထု စားနပ် ရိက္ခာထောက်ပံ့ရေး ကော်မတီနဲ့ ကမ္ဘောဇဘဏကို ထူးပဲ ကျေးဇူးတင်ပါတယ်။ ခု လှူဒါန်းပေးတဲ့ ပစ္စည်းတွေ အားလုံးကို လေလွင့်ဖိတ်စင်မှု မဖြစ်စေဲ အမှန်တကယ် လိုအပ်နေတဲ့ နေရာတွေကို ရောက်အောင် ဆက်လက် ပေးပို့ သွားပါမယ်။” ဟု ရှမ်းပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်
.
ထို့အတူ ကရင်ပြည်နယ်အတွက် Mask ၀၀၀ ခု၊ PPE(Normal) ၄၀စုံ၊ ရှမ်းပြည်နယ်၊  ကျိုင်းတောင်းနှင့် နမ့်စန်ဒေသများသို့ Mask ၆၀၀ ခု၊ Hand Gel ၄၀ ဘူး၊ PPE(Medical) စုံ၊ PPE(Normal) ၂၀ စုံ၊ လက်သန့်ဆေးရည် ဘူး၊ အရက်ပျံ ၁၂ ပုလင်းတို့ကို ကော်မတီ တာဝန်ရှိသူများက ပေးပို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
.

ထို့အပြင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်သော ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ကော်မတီ တာဝန်ရှိသူများ၊ ကမ္ဘောဇဘဏ် ဝန်ထမ်းများ၊ ပရဟိတ အဖွဲ့ဝင်များက ရှမ်းပြည်နယ် အတွင်းရှိ ဒေသ အသီးသီး အပါအဝင် မြန်မာနိုင်ငံ တစ်ဝန်းသို့ သွားရောက် ထောက်ပံ့ လှူဒါန်းမှုများ အဆက်မပြတ် ပြုလုပ်နေလျက် ရှိကြောင်းလည်း သိရသည်။
.
ရှမ်းပြည်နယ် ပြည်သူလူထု စားနပ် ရိက္ခာထောက်ပံ့ရေး ကော်မတီအား ရှမ်းပြည်နယ်အစိုးရ၏ လမ်းညွှန်မှု၊ ကမ္ဘောဇဘဏ်၏ မတည် လှူဒါန်းငွေ စုစုပေါင်း ကျပ်သိန်း ၅၀၀၀ တန်ဖိုးရှိ အလှူငွေနှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ အပါအဝင် အခြားသော အလှူရှင်များစွာ၏ လှူဒါန်းငွေ ကျပ်သိန်း ၁၀၀၀ ကျော်ခန့်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကာ နေ့စဉ် လာရောက် လှူဒါန်းသူများလည်း ရှိနေသည်။

Journal Download

Photo of three cats