မိုင်းယောင်း၌ COVID-19 ရောဂါကြိုတင်ကာကွယ်ရန် ဟင်းသီးဟင်းရွက်များ အခမဲ့ ဝေမျှ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းယောင်း၌ COVID-19 ရောဂါကြိုတင်ကာကွယ်ရန် ဟင်းသီးဟင်းရွက်များ အခမဲ့ ဝေမျှ


စိုင်းအောင်ဇော်လင်း
.


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်တွင် COVID-19 ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် အထောက်အကူ ဖြစ်စေရန် ဒေသခံပြည်သူများအား ဟင်းသီးဟင်းရွက်များကို ဧပြီလ ၁၂ ရက်က စတင်၍ ပြည်သူများသို့ အခမဲ့ ဝေမျှပေးနေကြောင်း မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။
.

COVID-19 ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် STAY HOME အဖြစ် အိမ်တွင် နေရသည့် ကာလအတွင်း အချိန်တိုတိုနှင့် ခူးဆွတ်စားသုံးနိုင်သော ဟင်းသီးဟင်းရွက် မျိုးကောင်းမျိုးသန့် ပျိုးပင်များကိုလည်း မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အခမဲ့ ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
“ စားသုံး သီးနှံပင်တွေကို မိမိတို့ အိမ်ခြံဝင်းအတွင်းမှာ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားတဲ့အတွက် လူများတဲ့ ဈေးကို သွားရောက် ဝယ်ယူရတာမျိုး လျှော့ချသွားနိုင်မှာ ဖြစ်ပါတယ်။” ဟု စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ HOME GARDEN တွင် ခရမ်းချဉ်သီး၊ ခရမ်းသီး (အရှည်/အလုံးကြီး) ငရုပ်၊ နံနံပင်၊ မုန်ညင်းနှင့် အခြား ဟင်းသီးဟင်းရွက်ပျိုးပင်များ ပျိုးထောင်ထားလျက် ရှိကြောင်း သိရသည်။


Journal Download

Photo of three cats