တောင်ကြီးမှ COVID-19 အတည်ပြုလူနာအမှတ်(၁၂၁)နှင့် ထိတွေ့ ဆက်စပ်သူများ၏ ဓါတ်ခွဲအဖြေများ မထွက်သေးဟု ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမှ COVID-19 အတည်ပြုလူနာအမှတ်(၁၂၁)နှင့် ထိတွေ့ ဆက်စပ်သူများ၏ ဓါတ်ခွဲအဖြေများ မထွက်သေးဟု ဆို


တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှု ခံယူနေသည့် COVID-19 အတည်ပြုလူနာအမှတ်(၁၂၁)နှင့် ထိတွေ့ ဆက်စပ်သူများ၏ ဓါတ်ခွဲ နမူနာ အဖြေများမှာ ယနေ့ (ဧပြီလ ၂၆ ရက်)၊ နံနက် ၇ နာရီထိ မထွက်သေးကြောင်း ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

.
“ အခုထိတော့ မသိရသေးဘူးရှင့်၊ အဖြေ မထွက်သေးပါဘူး။” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ နှင်းအိဖြူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ COVID-19 အတည်ပြုလူနာအမှတ်(၁၂၁)နှင့် ထိတွေ့ ဆက်စပ်သူများ၏ ဓါတ်ခွဲနမူနာများကို ဧပြီလ ၂၄ ရက်၊ ညပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ယခုချိန်ထိ ဓါတ်ခွဲ အဖြေ မထွက်ရှိသေးခြင်း ဖြစ်သည်။
.

“ ကယားပြည်နယ်မှာ ဆိုရင် သူတို့ရဲ့ အစိုးရ Page မှာ တင်ထားပေးတယ်ပေါ့။ ကျွန်တော်တို့ တောင်ကြီးမှာက ဘယ်ချိန် ပါမယ်ဆိုတာ၊ ဘယ်ကို ဆက်သွယ် မေးရမယ်ဆိုတာ မသိရတော့ စစ်ထားတဲ့သူတွေအတွက် ထိတ်လန့်စရာ ဖြစ်နေတာပေါ့။ ပြည်နယ် တစ်ခုလုံးမှာ တိကျတဲ့ အဖြေ တင်တဲ့နေရာ မရှိတော့၊ အဲဒီအတွက် အတည်ပြုနိုင်ဖို့ တာဝန်ရှိသူတွေက စီစဉ် ပေးသင့်ပါတယ်။ Page တစ်ခုကနေ တရားဝင် ထုတ်ပြန်ပေးဖို့ လိုအပ်ပါတယ်။”ဟု COVID-19 ဓါတ်ခွဲ အဖြေ စောင့်ဆိုင်းနေသည့် အမျိုးသားတစ်ဦးက ကမ္ဘောဇတိုင်းသို့ ဆက်သွယ် ပြောဆိုလာသည်။
.
လူနာအမှတ်(၁၂၁)သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ အသက် ၂၁ နှစ်အရွယ် အမျိုးသမီး ဖြစ်ကာ ဧပြီလ ၂၁ ရက်က ကျန်းမာရေးနှင် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် COVID-19 အတည်ပြုလူနာအဖြစ် ပါရှိခြင်းဖြစ်ပြီး လက်ရှိတွင် စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှု ခံယူနေပြီး ကျန်းမာရေး အခြေအနေမှာလည်း ကောင်းမွန်နေသည်ဟု ယင်း လူနာအမှတ်(၁၂၁) ထံမှ သိရသည်။
.

Journal Download

Photo of three cats