ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ ရှမ်းမြောက်နှင့် ရှမ်းရှေ့အတွက် ဆန်အိတ် ၃၀၀၀ နှင့် ကာကွယ်ရေးပစ္စည်းများ လှူဒါန်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ ရှမ်းမြောက်နှင့် ရှမ်းရှေ့အတွက် ဆန်အိတ် ၃၀၀၀ နှင့် ကာကွယ်ရေးပစ္စည်းများ လှူဒါန်း

ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီမှ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် အရှေ့ပိုင်းအတွက် ဆန်အိတ် ၃၀၀၀ နှင့် COVID-19 ကာကွယ်ရေးပစ္စည်းများအား ရှမ်းပြည်နယ်အစိုးရ အဖွဲ့သို့ ယနေ့ (ဧပြီလ ၁၂ ရက်)၊ နေ့လယ်ပိုင်းတွင် လှူဒါန်းခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူများအား Quarantine ပြုလုပ်ရာတွင် အနီးကပ် ပြုစု စောင့်ရှောက်ရသည့် ကျန်းမာရေးဝန်ထမ်းများနှင့် အခြားသော ပရဟိတ အဖွဲ့များအတွက် ဆန်အိတ် ၂၀၀၀၊ Mask ၁၀၀၀ ခု၊ Hand Gel ၁၀၀ ဘူး၊ PPE(Normal) ၅၀ စုံ၊ လက်သန့်ဆေးရည် ၂၀ ဘူး၊ ဆပ်ပြာ ၆၀ ဘူးတို့ကို လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး ယင်းအလှူပစ္စည်းများအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်မှ သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ ဖြန့်ဝေပေးမည် ဖြစ်ကြောင်း သိရသည်။
.

ထို့အတူ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကျန်းမာရေးဝန်ထမ်းများနှင့် အခြားသော ပရဟိတ အဖွဲ့များအတွက် ဆန်အိတ် ၁၀၀၀၊ Mask ၃၀၀၀ ခု၊ Hand Gel ၁၅၀ ဘူး၊ PPE(Medical) ၅၀ စုံ၊ PPE(Normal) ၂၅၀ စုံ၊ လက်သန့်ဆေးရည် ၆၀ ပုလင်း၊ ကြက်ဥ ၅၀၀၀ လုံး၊ အရက်ပျံ ၆၀ ပုလင်းတို့ကို လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး ယင်းအလှူပစ္စည်းများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှု ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံမှ သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ ဖြန့်ဝေပေးမည် ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံအတွက် လိုအပ်သည့် ငွေကျပ် ၁၁၂ သိန်း တန်ဖိုးရှိ သွေးအတွင်းရှိ အောက်ဆီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် Eletrolyte များကို တိုင်းတာပေးသော ABG စက်ကိုလည်း ယနေ့ (ဧပြီလ ၁၂ ရက်)တွင် ဆေးရုံတာဝန်ရှိသူများထံသို့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
.

ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီ အနေဖြင့် ထောက်ပံ့ရေးအဖွဲ့များ မရောက်သေးသည့် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့ အပါအဝင် ရပ်စောက်မြို့နယ်ရှိ ကျောက်ဂူ၊ အင်တော၊ ကျိုင်းခမ်းဒေသများသို့ COVID-19 ကာကွယ်ရေး ပစ္စည်းများနှင့် ထောက်ပံ့ရေး ပစ္စည်းများအား ဧပြီလ ၁၁ ရက်က လှူဒါန်းခဲ့ပြီး အလှူပစ္စည်းများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှု ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ဆပ်ကော်မတီ နာယက ဦးနေမျိုး (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)နှင့် KBZ ဝန်ထမ်းများ၊ ပရဟိတ အဖွဲ့အဝင်များက သွားရောက် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီ နာယက၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၏ စီစဉ်မှုဖြင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ ကြက်ဥ ၅၀၄၀ လုံးနှင့် အရက်ပျံများ၊ လက်သန့်ဆေးရည်များ ပေးပို့လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။
.

ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီ နာယက အဖြစ် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ KBZ Group နာယက ဦးအောင်ကိုဝင်းနှင့် ပြည်နယ်ဝန်ကြီး ဦးစိုးညွန့်လွင်တို့က တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်ကာ ကမ္ဘောဇဘဏ်နှင့် အခြားသော အလှူရှင်များစွာ၏ ထောက်ပံ့ လှူဒါန်းမှုဖြင့် ရှမ်းပြည်နယ် အပါအဝင် နိုင်ငံတစ်ဝန်းရှိ လိုအပ်သည့်နေရာများအတွက် စားနပ်ရိက္ခာများ၊ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ လှူဒါန်းမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

Journal Download

Photo of three cats