တာချီလိတ်မှ COVID-19 လူနာအမှတ်(၁၁၂) ကျိုင်းတုံဆေးရုံသို့ ရောက်ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်မှ COVID-19 လူနာအမှတ်(၁၁၂) ကျိုင်းတုံဆေးရုံသို့ ရောက်ရှိ


ထက်တိုင်းကျော်
.


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှ COVID-19 လူနာ အမှတ်(၁၁၂)သည် ယနေ့ (ဧပြီလ ၂၁ ရက်)၊ ညနေ ၆ နာရီ ၂၀ မိနစ်တွင် ကျိုင်းတုံ ပြည်သူ့ဆေးရုံသို့ ဆေးကုသမှု ခံယူရန်အတွက် လွှဲပြောင်း ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
.
ကျိုင်းတုံဆေးရုံ၌ ဆေးကုသမှု ခံယူမည့် တတိယမြောက် လူနာဖြစ်သော အမှတ်(၁၁၂)သည် အသက် ၂၉ နှစ်အရွယ် အမျိုးသမီး ဖြစ်ပြီး တာချီလိတ်ဆေးရုံ၌ တာဝန် ထမ်းဆောင်နေသည့် သူနာပြု တစ်ဦး ဖြစ်ကာ လူနာအမှတ်(၉၆) ဖြစ်သည့် အသက် ၄၃ နှစ်အရွယ် အမျိုးသား (ဆရာဝန်)နှင့် ထိတွေ့ခဲ့ဖူးသူများအနက်မှ တစ်ဦး အပါအဝင် ဖြစ်သည်။
.

အဆိုပါ အတည်ပြုလူနာ အမှတ်(၁၁၂) အမျိုးသမီးနှင့် ထိတွေ့ဆက်စပ်သူမှာ ၂၀၀ ဦးကျော်ခန့်ထိ ရှိနေကြောင်း တာချီလိတ် အခြေစိုက် သတင်းမီဒီယာများက ဖော်ပြထားသည်။
.
ကျိုင်းတုံဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် COVID-19 အတည်ပြု လူနာ ၃ ဦး ရှိပြီ ဖြစ်ကာ ၎င်းတို့မှာ မိုင်းဖြတ်မြို့မှ လူနာအမှတ်(၆၄) ဖြစ်သည့် အသက် ၂၃ နှစ်အရွယ် အမျိုးသား၊ တာချီလိတ်မြို့မှ လူနာအမှတ်(၉၆) ဖြစ်သည့် အသက် ၄၃ နှစ်အရွယ် အမျိုးသားနှင့်  လူနာအမှတ် (၁၁၂)ဖြစ်သည့် အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတို့ ဖြစ်သည်။

Journal Download

Photo of three cats