.
အဆိုပါ လူနာများမှာ
ရန်ကုန်တိုင်းဒေသကြီး၊
မရမ်းကုန်းမြို့နယ်တွင် နေထိုင်သော အသက် ၃၂ နှစ်အရွယ် အမျိုးသား၊ ရန်ကုန်တိုင်းဒေသကြီး၊
ဗဟန်းမြို့နယ်တွင် နေထိုင်သော အသက် ၅၅ နှစ်အရွယ် အမျိုးသား၊ ရန်ကုန်တိုင်းဒေသကြီး၊
လှိုင်သာယာမြို့နယ်တွင် နေထိုင်သော အသက် ၅၆ နှစ်အရွယ် အမျိုးသမီးနှင့်
မွန်ပြည်နယ်၊
ကျိုက်မရော မြို့နယ်တွင် နေထိုင်သော အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတို့
ဖြစ်ကြောင်း သိရသည်။
.
လူနာအမှတ်(၂၄)
ဖြစ်သော အသက်
၃၂ နှစ်အရွယ် အမျိုးသားသည် မတ်လ ၁၉ ရက်တွင်
စင်္ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသူ ဖြစ်ပြီး ဧပြီလ ၁ ရက်တွင်
ဖျားခြင်း၊
မောပန်းခြင်း၊ စတင် ခံစားခဲ့ရကာ
ဧပြီလ ၈ ရက်၊
နေ့လယ်ပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ ဒေသန္တရ ကျန်းမာရေးဌာနသို့ သွားရောက် ပြသခဲ့ပြီး
ထိုမှတစ်ဆင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ ညွှန်းပို့၍ စောင့်ကြည့် လူနာအဖြစ်သ
တ်မှတ်ကာ သီးခြားထားရှိ ကုသမှု ဆောင်ရွက်ခဲ့ပြီး ဓာတ်ခွဲနမူနာအား
စစ်ဆေးစဉ် COVID-19
ပိုး တွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။
.
လူနာအမှတ်(၂၅)
ဖြစ်သော အသက်
၅၅ နှစ်အရွယ် အမျိုးသားသည် ပြည်ပနိုင်ငံများသို့
ခရီးသွား ရာဇဝင် မရှိသော်လည်း ဧပြီလ ၂
ရက်မှ စ၍
ဖျားခြင်း၊ ချောင်းဆိုးခြင်း ခံစားခဲ့ရသဖြင့် ဧပြီလ ၉ ရက်တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့
သွားရောက် ပြသခဲ့ရာ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြား ထားရှိပြီး ကုသမှုပေးပြီး
ဓာတ်ခွဲနမူနာအား
စစ်ဆေးစဉ် COVID-19
ပိုး တွေ့ရှိခြင်း ဖြစ်ကာ လူနာတွင် သွေးတိုးရောဂါနှင့်
ဆီးချိုရောဂါ အခံ ရှိကြောင်း သိရသည်။
.
လူနာအမှတ်(၂၆)
ဖြစ်သော အသက်
၅၆ နှစ်အရွယ် အမျိုးသမီးသည် ပြည်ပနိုင်ငံများသို့
ခရီးသွား ရာဇဝင် မရှိသော်လည်း ဧပြီလ ၁
ရက်မှ စ၍ ဖျားခြင်း၊
ချောင်းဆိုးခြင်း ခံစားခဲ့ရသဖြင့် ဧပြီလ ၈
ရက်တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့
သွားရောက် ပြသခဲ့ရာ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြား ထားရှိပြီး ကုသမှုပေးပြီး
ဓာတ်ခွဲနမူနာအား
စစ်ဆေးစဉ် COVID-19
ပိုး တွေ့ရှိခြင်း ဖြစ်ကာ လူနာတွင် သွေးတိုးရောဂါနှင့်
ဆီးချိုရောဂါ အခံ ရှိကြောင်း သိရသည်။
.
လူနာအမှတ်(၂၇)
ဖြစ်သော အသက်
၂၄ နှစ်အရွယ် အမျိုးသမီးသည် ထိုင်းနိုင်ငံ၌ ဗိုက်အောင့် ဝေဒနာအား ဆေးကုသမှု
ခံယူပြီးနောက် မတ်လ ၂၀ ရက်တွင် မြဝတီမြို့မှ တဆင့် ပြန်လည် ရောက်ရှိလာသူ ဖြစ်ပြီး နေအိမ်တွင် အသွားအလာ
ကန့်သတ်၍ စောင့်ကြပ် ကြည့်ရှုမှု ခံနေရာမှ မတ်လ ၂၉ တွင် သတ်မှတ် နေရာသို့
ပို့ဆောင်၍ အသွားအလာ ကန့်သတ်ခြင်း/ တားမြစ်ခြင်း (Facility Quarantine) အဖြစ်
ပြောင်းလဲ ဆောင်ရွက် ထားရှိစဉ် ဗိုက်အောင့်ဝေဒနာ ထပ်မံ ခံစားခဲ့ရသဖြင့် မတ်လ
၃၀ ရက်တွင် ပြည်သူ့ဆေးရုံ၊
ကျိုက်မရောမြို့သို့ ပို့ဆောင်ကာ အသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှု ကုသမှု (Hospital Quarantine) ဆောင်ရွက်ခဲ့ပြီး ဧပြီလ ၈ ရက်တွင် ဓာတ်ခွဲနမူနာအား
စစ်ဆေးစဉ် COVID-19
ပိုး တွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၂၇ ဦး ရှိပြီ ဖြစ်ကာ ယင်းအနက်
သေဆုံးသူ ၃ ဦး၊ ပြန်လည် သက်သာလာသူ ၁ ဦး ရှိကာ ဓာတ်ခွဲ အတည်ပြု လူနာများနှင့်
ထိတွေ့ခဲ့သူများ အားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာ ကန့်သတ်ကာ စောင့်ကြပ် ကြည့်ရှုမှုများ
လုပ်ဆောင်မည် ဖြစ်၍ ဓာတ်ခွဲ
အတည်ပြုလူနာများနှင့် အနီးကပ် ထိတွေ့ခဲ့သူများ အနေဖြင့် နီးစပ်ရာ ကျန်းမာရေး
ဌာနသို့ အမြန်ဆုံး ဆက်သွယ် အကြောင်းကြားရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက
တိုက်တွန်းနှိုးဆော်ထားသည်။
.
ပြည်သူ
လူထုအနေဖြင့် ရောဂါကာကွယ်ရေး ဆိုင်ရာ ကျန်းမာရေး ပညာပေး အချက်အလက်များအား
တိကျစွာ
လိုက်နာ ဆောင်ရွက်ခြင်းဖြင့်
မိမိ
သာမက မိမိ၏ မိသားစုနှင့် ပတ်ဝန်းကျင်မှ လူများအတွက်ပါ ရောဂါ ကူးစက်မှု မရှိစေရေး
ပူးပေါင်း ဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ နှိုးဆော်ထားသည်။
.
#KBZTai
#COVID19 #News
.