ရပ်စောက်မြို့ရှိ သိမ်းဆည်းခံမြေ ၃ ဧကနှင့် ပတ်သက်၍ ပြန်လည် ရရှိလိုကြောင်း မူလပိုင်ရှင်ဆိုသူ ပြောကြား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရပ်စောက်မြို့ရှိ သိမ်းဆည်းခံမြေ ၃ ဧကနှင့် ပတ်သက်၍ ပြန်လည် ရရှိလိုကြောင်း မူလပိုင်ရှင်ဆိုသူ ပြောကြား


စိုင်းရာဇာ
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့၊ မြို့ ဦးရပ်ကွက်၊ နယ်မြေ (၂)၊ ရပ်စောက် -ရွှေညောင် ကားလမ်းဘေးရှိ မြေဧ က ၁၃ ဧက အနက်မှ မြေ ၃ ဧက နှင့် ပတ်သက်၍ မူလပိုင်ရှင်ဆိုသူ က ၎င်း၏မြေကို မူလအတိုင်း ပြန် လည်ရရရှိလိုကြောင်း ပြောဆိုခဲ့ သည်ဟု သိရသည်။
.
 
.
“အဲဒီမြေနေရာကို ကျွန်တော် ကိုယ်တိုင် တောရိုင်းတွေ ခုတ်ထွင် ရှင်းလင်း၊ ခြံစည်းရိုးကာပြီး နေအိမ် ဆောက် နေထိုင်စားသောက်ခဲ့တာ ပါ။ ၁၉၈၀ ခုနှစ်လောက်မှာ သိမ်း ဆည်း ခံခဲ့ရတာပါ။ သက်ဆိုင်ရာဌာ န တွေကို အကြိမ်ကြိမ် စာတင်ပါတယ်။ ဘာမှ မထူးခြားလာပါဘူး။ အဲဒီမြေ ကို ပြန်လိုချင်ပါတယ်။ မမှန်မကန် လုပ်တဲ့သူတွေကိုလည်း သက်ဆိုင် ရာက ဘယ်လို အရေးယူမှာလဲဆို တာ သိချင်ပါတယ်ဟု မူလမြေ ပိုင် ရှင်ဖြစ်သူ ဦးမြင့်သိန်းက ကမ္ဘော ဇတိုင်းသို့ ပြောသည်။
.
၎င်းအနေဖြင့် အဆိုပါမြေနေရာ အား ၁၉၇၄ ခုနှစ်က ၎င်း၏ဖခင် တပ် မတော်မှ အငြိမ်းစားယူစဉ် မိသားစု နေထိုင်ရန်အတွက် ရရှိခဲ့ခြင်းဖြစ်ပြီး ၁၉၇၉ ခုနှစ်တွင် မြေအစားနှင့် လျော်ကြေးတစ်စုံတစ်ရာ မရရှိဘဲ ရွှေ့ပြောင်းခသာပေးကာ မြေသိမ်း ဆည်းခံခဲ့ရခြင်း ဖြစ်ကြောင်း၊ ယင်း ကိစ္စနှင့် ပတ်သက်၍ ၂၀၁၄ ခုနှစ်မှ စတင်ကာ သက်ဆိုင်ရာ ဌာနများသို့ တင်ပြ တောင်းခံခဲ့သော်လည်း ရပ် စောက်မြို့နယ် လယ်ယာမြေစီမံခန့် ခွဲမှုကော်မတီက သမဝါယမအသင်း ၌ မြေစာရင်းပုံစံ (၁၀၅)ရရှိပြီး ဖြစ် ကြောင်းပြောဆိုလာခဲ့ကြောင်း၊ ၎င်း တွင်မူ မြေစာရင်းပုံစံ(၁၀၅) မရှိသော် လည်း လူ သက်သေများ ယနေ့တိုင် ရှိနေဆဲဖြစ်ကြောင်း ဦးမြင့်သိန်းက ဆက်လက် ပြောဆိုခဲ့သည်။
.
အဆိုပါမြေ ၃ ဧကနှင့် ပတ်သက် ၍ ရပ်စောက်မြို့နယ် သမဝါယမအ သင်းစုချုပ်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးကျော်အေးကမူ ရှမ်းပြည်နယ်ပြည် သူ့ကောင်စီလက်ထက်၌ သမဝါယ မ အသင်းအနေဖြင့် လန ၃၉ ရရှိခဲ့ ပြီး မြေစာရင်းပုံစံ (၁၀၅) ရရှိထား ပြီးဖြစ်ကြောင်း၊ မြေငှားဂရန် ဆက် လက် လျှောက်ထားသွားရန် ရှိနေ ကြောင်း ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အ တွင်းက ကမ္ဘောဇတိုင်းသို့ ပြောဆို ထားသည်။
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ သက် တမ်း ၄ နှစ်တာ ကာလအတွင်း လယ် ယာမြေနှင့် အခြားမြေများသိမ်း ဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ ဖွဲ့စည်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်အတွင်း စွန့်လွှတ်မြေ အမှုပေါင်း ၁၅၅ မှုမှ မြေဧရိယာ ၃၀၈၀၀ ဧကကျော်ရှိရာ ဧက ၂၉၆၀၀ ကျော်ကို သက်ဆိုင်ရာ တောင်သူ များလက်ဝယ်သို့ လွှဲပြောင်းပေးအပ် နိုင်ခဲ့ပြီး ကျန်ဧရိယာဧက ၁၂၀၀၀ ကျော်ကိုလည်းတောင်သူများ လက် ဝယ်သို့ လွှဲပြောင်းပေးအပ်နိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats