ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ သေဆုံးခဲ့သည့် ရပ်စောက်မှ အမျိုးသားတွင် ကိုရိုနာဗိုင်းရပ်စ် မရှိ ဟုဆို - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Saturday, March 7, 2020

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ သေဆုံးခဲ့သည့် ရပ်စောက်မှ အမျိုးသားတွင် ကိုရိုနာဗိုင်းရပ်စ် မရှိ ဟုဆို


ကမ္ဘောဇတိုင်း
.
လတ်တ​လော အသက်ရှူ လမ်း​ကြောင်းဆိုင်ရာ ​ရောဂါ (COVID-19) စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားသည့် ရပ်​စောက်မြို့နယ်မှ အသက် ၃၄ နှစ်အရွယ် အမျိုးသား တစ်ဦးသည် ရန်ကုန်ပြည်သူ့​​ဆေးရုံ၌ ​ဆေးကုသမှု ခံယူ​နေစဥ် ​မတ်လ ၆ ရက်က သေဆုံးခဲ့ပြီးနောက် ၎င်း၏ ဓါတ်ခွဲနမူနာအား စစ်ဆေးခဲ့ရာ ကိုရိုနာဗိုင်းရပ်စ်ပိုး မရှိကြောင်း အမျိုးသား ဓါတ်ခွဲခန်းမှ အကြောင်း ပြန်ကြားခဲ့သည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံက သိရသည်။
.
 
.
“ရပ်စောက်တစ်ယောက်က Negative ပါ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေတော့ မထုတ်ပြန်သေးဘူး။ ညနေပိုင်းမှ ထုတ်ပြန်မယ်။ လားရှိုးတစ်ယောက်ကတော့ အဖြေမသိရသေးပါဘူး” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
​သေဆုံးသူ အမျိုးသားသည် ဖေဖော်ဝါရီလ ၂၃ ရက်မှ စ၍ ဖျားခြင်း၊ ချောင်းဆိုး​သွေးပါခြင်း၊ မောပန်းခြင်း စသည့် ​ရောဂါ လက္ခဏာများ ခံစား​နေရသဖြင့် ​ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ​​ဆေးရုံ တစ်ခုတွင် ဖေ​ဖော်ဝါရီလ ၂၆ ရက်မှ၊ မတ်လ ၅ ရက်ထိ ​ဆေးကုသမှု ခံယူပြီး​နောက် ရန်ကုန် ပြည်သူ့​ဆေးရုံသို့ ​ပြောင်း​ရွှေ့ ကုသမှု ခံယူခဲ့ရာ လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ တွေ့ရှိရသဖြင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ ကုသမှုများ ပြုလုပ်နေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
.
ယင်းသေဆုံးလူနာတွင် COVID-19 ရောဂါပိုးတွေ့ရှိခြင်းရှိ/မရှိအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယခု မတ်လ ၇ ရက်၊ နေ့လယ် ၁၂ နာရီအချိန်ထိ ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဆက်သွယ်မေးမြန်းချက်အရ ရောဂါပိုးမရှိကြောင်း အကြောင်းပြန်ကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
အဆိုပါ လူနာ အပါအဝင် မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်/သံသလူနာများအနက်မှ သေဆုံးသူ ၃ ဦး ရှိသွားပြီဖြစ်ကာ မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံ၌ စောင့်ကြပ်ကုသပေးခဲ့သော အသက် ၆၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြပ်ကုသပေးလျက်ရှိသော ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့မှ အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦးတိူ့မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး မရှိကြောင်း ဓါတ်ခွဲအဖြေ ထွက်ခဲ့ပြီး လားရှိုးပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြပ်ကုသပေးခဲ့သော အသက် ၄၀ အရွယ် အမျိုးသား၏ ဓါတ်ခွဲ အဖြေကိုမူ မသိရှိရသေးချေ။
.
ယနေ့ မတ်လ ၇ ရက်၊ နံနက်ပိုင်းအထိ ကမ္ဘာနိုင်ငံ ၉၆ နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံရသူ ၁၀၂၂၂၃ ဦး၊ သေဆုံးသူ ၃၄၉၅ ဦးနှင့် ပြန်လည် သက်သာလာသူ (Cured) ၅၇၆၁၁ ဦး ရှိလာပြီဖြစ်ကာ မြန်မာနိုင်ငံတွင် ကူးစက် ခံရသူ မရှိသေးကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)