COVID-19 စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားသည့် ရပ်​စောက်မှ အမျိုးသား တစ်ဦး ရန်ကုန်တွင် ​သေဆုံး - Kanbawza Tai News

Breaking

Boxed(True/False)

Friday, March 6, 2020

COVID-19 စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားသည့် ရပ်​စောက်မှ အမျိုးသား တစ်ဦး ရန်ကုန်တွင် ​သေဆုံး

ကမ္ဘောဇတိုင်း
.
လတ်တ​လော အသက်ရှူ လမ်း​ကြောင်းဆိုင်ရာ ​ရောဂါ (COVID-19) စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားသည့် ရပ်​စောက်မြို့နယ်မှ အသက် ၃၄ နှစ်အရွယ် အမျိုးသား တစ်ဦးသည် ရန်ကုန်ပြည်သူ့​​ဆေးရုံ၌ ​ဆေးကုသမှု ခံယူ​နေစဥ် ​ယနေ့ (မတ်လ ၆ ရက်)၊ ည​နေပိုင်းတွင် သေဆုံး သွားခဲ့​ကြောင်း သိရသည်။
.
 
.
​သေဆုံးသူ အမျိုးသားသည် ဖေဖော်ဝါရီလ ၂၃ ရက်မှ စ၍ ဖျားခြင်း၊ ချောင်းဆိုး​သွေးပါခြင်း၊ မောပန်းခြင်း စသည့် ​ရောဂါ လက္ခဏာများ ခံစား​နေရသဖြင့် ​ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ​​ဆေးရုံ တစ်ခုတွင် ဖေ​ဖော်ဝါရီလ ၂၆ ရက်မှ၊ မတ်လ ၅ ရက်ထိ ​ဆေးကုသမှု ခံယူပြီး​နောက် ရန်ကုန် ပြည်သူ့​ဆေးရုံသို့ ​ပြောင်း​ရွှေ့ ကုသမှု ခံယူခဲ့ခြင်း ဖြစ်​ကြောင်း ကျန်းမာ​ရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
.
၎င်းအား စစ်​ဆေးမှုများ ပြုလုပ်ရာတွင် COVID-19 ဖြစ်ပွားရာ နိုင်ငံများသို့ သွား​ရောက်ခဲ့သည့် ခရီးသွား ရာဇဝင် မရှိ​သော်လည်း လတ်တ​လော အသက်ရှူလမ်း​ကြောင်းဆိုင်ရာ ​​ရောဂါ လက္ခဏာများ ​တွေ့ရှိရသဖြင့် ​စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်၍ ကုသမှုများ ပြုလုပ်​နေစဥ် ​သေဆုံး သွားခဲ့ခြင်း ဖြစ်​ကြောင်း ယင်းထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။
.
"ဓါတ်ခွဲအ​ဖြေ စစ်တုန်းမှာ ဆုံးသွားတာဆို​တော့၊ အ​ဖြေ ရရင်​တော့ သူ့ ပတ်ဝန်းကျင်က သူ​တွေကို စစ်ရမှာ​ပေါ့။ ဓါတ်ခွဲအ​ဖြေက မရ​သေးဘူး။ ဓါတ်ခွဲနမူနာက ယူထားပြီးပြီ၊ ​ရောဂါ အတည်ပြုရင်​တော့ သူ့ ပတ်ဝန်းကျင်ကို ကျန်းမာရေး ဌာန အ​နေနဲ့ လိုအပ်တာ​တွေ လုပ်သွားပါမယ်။" ဟု ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် ပြည်နယ်လူမှုရေး ဝန်ကြီး ​ဒေါက်တာ မျိုးထွန်းက ​က​မ္ဘောဇတိုင်းသို့ ​ပြောသည်။
.
မြန်မာ တစ်နိုင်ငံလုံးတွင် ​စောင့်ကြည့်လူနာ ၅ ဦး ရှိ​နေပြီး ၎င်းတို့အား သက်ဆိုင်ရာ ​ဆေးရုံများတွင် ​စောင့်ကြပ် ကြည့်ရှု ကုသမှု ​ပေးလျက် ရှိ​ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)