WHO က ကိုရိုနာဗိုင်းရပစ် COVID-19 ကို ကပ်ရောဂါအဖြစ် ကြေညာ - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

Boxed(True/False)

Thursday, March 12, 2020

WHO က ကိုရိုနာဗိုင်းရပစ် COVID-19 ကို ကပ်ရောဂါအဖြစ် ကြေညာ


မင်းဇော်မင်း
.
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ကိုရိုနာဗိုင်းရပ်စ် COVID-19 ကို ကမ္ဘာအနှံ့ ဖြစ်ပွားသော ကပ်ရောဂါအဖြစ် မတ်လ ၁၂ ရက်က ကြေညာခဲ့သည်ဟု သိရသည်။
.
 
.
အဆိုပါ ကြေညာချက်တွင် WHO ၏ ညွန်ကြားရေးမှူး Tedros AdhanonGhebreyesus က တရုတ်နိုင်ငံ ပြင်ပ၌ ပတ်အတွင်း ရောဂါကူးစက်ခံရသူ ၁၃ ဆ တိုးမြင့်လာကြောင်းနှင့် ကမ္ဘာ့အချို့နိုင်ငံများက အဆိုပါရောဂါအပေါ် လုံလောက်စွာ ထိထိရောက်ရောက် လုပ်ဆောင်မှုမရှိသည့်အပေါ် အထူးစိုးရိမ်ကြောင်း ဖော်ပြပါရှိသည်။
.
လူစုလူဝေးတစ်ခု၊ နေရာဒေသတစ်ခုအတွင်း တစ်ပြိုင်တည်း တစ်ချိန်တည်း အစုလိုက် အပြုံလိုက်ဖြစ်ပွားသည့် ရောဂါကို epidemic ဟုတ် သတ်မှတ်ပြီး အဆိုပါပုံစံမျိုး နေရာအနှံ့အပြား တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားလာမှုကို မူ Pendemic ကပ်ရောဂါ ဟုသတ်မှတ်ကြောင်း သိရသည်။
.
ကမ္ဘာပေါ်တွင် ဆိုးရွားစွာဖြစ်ပွားခဲ့သည့် ကမ္ဘာ့ကပ်ရောဂါ များမှာ ၂၀၀၉ ခုနှစ်က ဖြစ်ပွားခဲ့သည့် H1N1 ၊၂၀၀၅ မှ ၂၀၁၂ အထိ အမြင့်ဆုံဖြစ်ပွားမှုအရ HIV/AIDS Pendemic၊ ၁၉၆၈ Flu၊ ၁၉၅၆-၅၈ Asian Flu၊ ၁၉၁၈ Flu၊ ၁၉၁၀-၁၉၁၁ Sixth Cholera Pandemic1889-1890 Flu၊ ၁၈၅၂-၁၈၆၀ Third Cholera  Pandemic1346-1353 The Black Death541-542 PLAGUE of Justinian165 AD Antonine PLAGUE တို့ ဖြစ်ကြောင်း သိရသည်။
.
ယနေ့ မတ်လ ၁၂ ရက် မွန်းလွဲပိုင်းအထိ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၁၂၃ နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံရသူ ၁၂၆၃၂၂ ဦး၊ သေဆုံးသူ ၄၆၃၃ ဦးနှင့် ပြန်လည်သက်သာလာသူ ၆၈၂၈၇ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)