‌တောင်ကြီးမြို့ပေါ် ရပ်ကွက်အချို့ သောက်သုံးရေ ရှားပါးမှုကို စတင်ကြုံတွေ့လာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

‌တောင်ကြီးမြို့ပေါ် ရပ်ကွက်အချို့ သောက်သုံးရေ ရှားပါးမှုကို စတင်ကြုံတွေ့လာ

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ပေါ်မှာရှိတဲ့ ရပ်ကွက်အချို့မှာ သောက်သုံးရေ ရှားပါးမှုကို စတင်ကြုံ တွေ့လာနေရပြီး စေတနာရှင် အလှူရှင်တွေက  လာရောက် လှူဒါန်းပေးတဲ့ ရေတွေကိုသာ သုံးစွဲနေရတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
.
အဲဒီ ရပ်ကွက်တွေအတွင်းမှာ အယ်ပွဆန်ဆိုင် မိသားစုနဲ့ စေတနာရှင်တွေက သောက်သုံးရေ လာရောက် လှူဒါန်းပေးနေကြပါတယ်။
.
ရေကတော့ နှစ်တိုင်းလိုလို ပြတ်နေတာ ဖြစ်ပြီး သက်ဆိုင်ရာက ကူညီပေးရင်တော့ ကောင်းကြောင်းနဲ့ အဲဒီ နေရာက အခြေခံလူတန်းစား အများဆုံး နေထိုင်ကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
.
တောင်ကြီးမြို့ပေါ်က ရပ်ကွက်တွေမှာ သောက်သုံးရေ ဝယ်ယူ သုံးစွဲဖို့အတွက် ရေကား တစ်စီးကို ကျပ် ၁၅၀၀၀ လောက် ကုန်ကျတဲ့အတွက် ရပ်ကွက်နေပြည်သူတွေ အနေနဲ့ ဝယ်ယူသုံးစွဲဖို့ ခက်ခဲနေကြတာ ဖြစ်ပါတယ်။
.
တောင်ကြီးမြို့ပေါ်မှာ စဝ်စံထွန်းရပ်ကွက်အပြင် စိန်ပန်းနဲ့ ရွှေတောင် အပါအဝင် တခြားရပ်ကွက်တွေက နယ်မြေ အချို့မှာလည်း သောက်သုံးရေ ရှားပါးမှုကို စတင်ကြုံ တွေ့လာနေရတယ်လို့ သိရပါတယ်။
.

နွေရာသီကာလ သောက်သုံးရေ ဖြန့်ဖြူးပေးတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန လက်ထောက်အင်ဂျင်နီယာ ဦးကြည်လွင်က တစ်မြို့လုံး ပြတ်မယ့် အနေအထားတော့ မရှိကြောင်း၊ တောင်ကြီးမြို့က နဂိုတည်းက ရေခံမြေခံ ကောင်းတဲ့ မြို့လည်း ဖြစ်ကြောင်းနဲ့ ရေကို သူ့ရပ်ကွက်နဲ့သူ ပေးနေမှာ ဖြစ်ပြီး လက်ရှိမှာ ဂနိုင်ကန် ခန်းတော့မှာ ဖြစ်ကြောင်း အဲဒီက ခန်းရင် ရှိတဲ့ ကန်ကနေ ပြန်ခွဲပေးတာ ရှိမှာ ဖြစ်ပြီး ပိုက်လိုင်းတွေလည်း ရှိပြီးသားဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
.
တောင်ကြီးမြို့ပေါ်မှာ ရပ်ကွက်၂၂ ရပ်ကွက်၊ အိမ်ခြေ ၅၈၄၆၃ အိမ်၊ အိမ်ထောင်စု ၆၆၅၀၀ စု၊ လူဦးရေ တစ်သိန်းခွဲလောက် နေထိုင်ပြီးတော့ မြို့နယ်စည်ပင်သာယာရေးဌာနက ရေမီတာစနစ်နဲ့ သောက်သုံးရေ ဖြန့်ဝေပေးနေတဲ့ အိမ်ခြေ ၃၆၀၀ ကျော် ရှိပြီး ရေမီတာ တစ်ယူနစ်ကို ၄၀၀ ကျပ်နှုန်းနဲ့ ကောက်ခံပေး နေတယ်လို့ သိရပါတယ်။
.
တောင်ကြီးမြို့နယ်ဟာ မြစ် ဖြတ်သန်းမှု မရှိတဲ့ ဒေသ ဖြစ်ပြီးတော့ မြို့ပေါ်ရပ်ကွက်တွေမှာ သောက်သုံးရေ ရဖို့အတွက် ရေထွက်၊ ရေကန် ၉ ခုကနေ ရေပေးဝေနေပြီး ငွေကြေး တတ်နိုင်သူတွေကတော့ နေအိမ်အတွင်းမှာ ကိုယ်ပိုင် ရေတွင်းတွေနဲ့ သောက်သုံးရေ ရယူ အသုံးပြုနေကြပါတယ်။

Journal Download

Photo of three cats