ရွေးကောက်ပွဲကော်မရှင်နှင့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP)တို့ ပန်ဆန်း၌ တွေ့ဆုံ - Kanbawza Tai News

Breaking

Boxed(True/False)

Tuesday, March 3, 2020

ရွေးကောက်ပွဲကော်မရှင်နှင့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP)တို့ ပန်ဆန်း၌ တွေ့ဆုံ


မင်းဇော်မင်း
.
ပြည်ထောင်စုရွေးကော်မရှင်အဖွဲ့ ဥက္ကဌ ဦးလှသိန်း ဦးဆောင်သော အဖွဲ့နှင့် ပြည် သွေးစည်းညီညွတ်ရေး ပါတီ(UWSP)တို့ သည် ရှမ်းပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပန်ဆန်း(ပန်ခမ်း)မြို့တွင် ဖေဖော်ဝါရီလ ၂၇ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။
.
ယင်း တွေ့ဆုံပွဲသို့ UWSP ဒုဥက္ကဌ ဦးရှောက်မင်းလျံ၊ ဒုစစ်သေနာပတိချုပ် ဦးကျောက်ကျုံးတန်၊ အထွေထွေ အတွင်းရေးမှူးချုပ် ဦးပေါက်ယူရိ၊  ဒုဥက္ကဌ ဦးကျောက်ကော်အန်းနှင့် ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဥက္ကဌ ဦးလှသိန်းနှင့်အဖွဲ့တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
.

ဆွေးနွေးပွဲတွင် ၂၀၂၀ ရွေးကောက်ပွဲ နီးလာပြီ ဖြစ်သဖြင့် ကော်မရှင်မှ သတ်မှတ်ထားသော မြို့နယ် ၄ ခုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ၊ ရွေးကောက်ပွဲတွင် ပါဝင်ခွင့်၊ ကိုယ်စားလှယ် ရွေးချယ်ခွင့်၊ မဲပေးခွင့် စသည့် ကိစ္စရပ်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်းက အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
.
UWSP ဒုဥက္ကဌ ဦးလျောက်မင်းလျံမှ ဒေသတွင် ကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း ဆောင်ရွက်ချက်များကို ပူးပေါင်း ပါဝင်သွားမည်ဖြစ်ကြောင်းနှင့် ယခုလက်ရှိ အစိုးရလက်ထက်တွင် ်ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ၄င်တို့၏ဒေသသို့ လာရောက်လည်ပတ်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ကြောင်းလည်း သိရသည်။
.
၂၀၀၈ အခြေခံဥပဒေအရ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ ပန်ဆန်း(ပန်ခမ်း) စသည့် မြို့နယ် ၅ ခုကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် သတ်မှတ် ဖော်ပြထားပြီး ပြီးခဲ့သည့် ၂၀၁၀ ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲများနှင့် ကြားဖြတ် ရွေးကောက်ပွဲများတွင် ဟိုပန်မြို့နယ်မှ အပ ကျန်မြို့နယ်များတွင် ရွေးကောက်ပွဲ ပြုလုပ်နိုင်ခဲ့ခြင်း မရှိပေ။
.
မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲ မကျင်းပနိုင်သေးသည့် မြို့နယ် စုစုပေါင်း ၅ မြို့နယ်ရှိပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အတွင်းမှ ၄ မြို့နယ်နှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင် အတွင်းမှ မိုင်းလားမြို့နယ် (အထူးဒေသ ၄ )တို့ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)