UPDJC ၁၈ ကြိမ်မြောက် အစည်းအဝေး ပြန်လည်ကျင်းပ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

UPDJC ၁၈ ကြိမ်မြောက် အစည်းအဝေး ပြန်လည်ကျင်းပ


မင်းဇော်မင်း
.
လွန်ခဲ့သည့် လ ၂၀ အကြာ ကတည်းက ရပ်နားထားသည့် ပြည် ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူး တွဲကော်မတီ (UPDJC) ၏ ၁၈ ကြိမ် မြောက် ပုံမှန်အစည်းအဝေးကို မတ် လ ၁၂ ရက်က နေပြည်တော်ရှိ အ မျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။
.
 
.
အဆိုပါ UPDJC ၏ ၁၇ ကြိမ် မြောက် ပုံမှန်အစည်းအဝေးကို ပြီးခဲ့ သည့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၁ နှစ်နှင့် ၈ လအကြာတွင် ပြန်လည်ကျင်းပ နိုင်ခဲ့ခြင်းဖြစ်ကာ အစည်းအဝေးတွင် UPDJC ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ သည်ဟု သိရသည်။
.
“တင်ပြခဲ့တဲ့ နို်င်ငံရေးဆွေးနွေး မှု မူဘောင် (Frame Work Poltical Dialogue, ToR & SOP) ၆ ခု ပါဝင် ပါ တယ်။ အရင်က ၂၀၁၇ နိုဝင်ဘာက ဗားရှင်းကို သုံးနေပါတယ်။ အဲဒီ နောက် ၂၀၁၈ ဇူလိုင် ၁၅ ရက်က ကျင်းပခဲ့တဲ့ ၁၇ ကြိမ်မြောက် အ စည်းအဝေး ဆုံးဖြတ်ချက် အမှတ် (၆) မှာ ပြန်လည်သုံးသပ်ဖို့ ဆုံးဖြတ် ချက် ချခဲ့ကြတယ်။ တစ်စုမှာ ၁၀ ဦး စီ ပါတဲ့ အစု ၃ စု၊ လူပေါင်း ၃၀ ပါတဲ့ အလုပ်အဖွဲ့က ပြန်လည်သုံးသပ် တင်ပြဖို့ပဲ ဖြစ်ပါတယ်”ဟု UPDJC အဖွဲ့ဝင် ဦးလှမောင်ရွှေက ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှ ၃ ရက်အထိ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် နိုင်ငံရေးဆွေးနွေးမှု မူဘောင်များကို လူပေါင်း ၃၀ ပါဝင် သည့် အလုပ်အဖွဲ့က ပြန်လည်သုံး သပ်ခဲ့ပြီး အစုတစ်စုတွင် လူ ၃ ဦးစီ ပါဝင်သည့် ၉ ဦး အဖွဲ့ကို သီးခြား တာဝန် ပေးအပ်ခဲ့ကြောင်းနှင့် ၎င်း အနေဖြင့် ယင်း ၉ ဦးပါ အဖွဲ့တွင် ပါဝင်ကြောင်း၊ ယင်းအဖွဲ့မှ ပြုလုပ်ခဲ့ သည့် ToR & SOP အကြမ်းများကို ၂၀၂၀ မတ်လ ၁၀ ရက်၊ ၂၅ ကြိမ် မြောက်အစည်းအဝေးတွင် ပြန်လည် စုစည်းသုံးသပ်ကာ ယခု ၁၈ ကြိမ် မြောက် UPDJC အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
အတည်ပြုခဲ့သည့် စာရင်းများ တွင် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူ ဘောင်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC လုပ်ငန်းလမ်းညွှန် ToR၊ ပြည်ထောင် စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC  အတွင်းရေးမှူး များ လုပ်ငန်းလမ်းညွှန် ToR၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများ လုပ်ငန်းလမ်း ညွှန် ToR၊ အမျိုးသားအဆင့် နိုင်ငံ ရေး ဆွေးနွေးပွဲ ကြီးကြပ်မှု ကော်မ တီ (တိုင်းဒေသကြီးများ၊ ပြည်နယ် များ၊ နေပြည်တော် ကောင်စီနယ် မြေ) လုပ်ငန်းလမ်းညွှန် ToR၊ အမျိုး သားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန် ToR၊ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲကျင်းပ ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း SOP များဖြစ်သည်ဟု သိရသည်။
.
“အတွင်းရေးမှူးများထဲက တာ ဝန် ခွဲဝေတဲ့အထဲမှာ ကျွန်တော်က ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေး မှုပူးတွဲ ကော်မတီ UPDJC အတွင်း ရေးမှူးများ လုပ်ငန်းလမ်းညွှန်ကို တင်ပြ အတည်ပြုချက် ရယူပါတယ်” ဟု ဦးလှမောင်ရွှေက ဆက်လက် ပြောဆိုခဲ့သည်။
.
အစည်းအဝေးတွင် တိုးတက်မှု များရှိပြီး UPDJC အနေဖြင့် နိုင်ငံရေး ဆွေးနွေးမှုတွေကို ကြီးကြပ်တာဝန် ယူရန် NCA တွင် ဆုံးဖြတ် တာဝန် ပေးထားပြီးဖြစ်သည့်အတွက် နိုင်ငံ ရေးဆွေးနွေးမှုအားလုံးသည် UPDJC ၏ ကြီးကြပ်လမ်းညွှန်မှုအောက်တွင် ရှိကြောင်း ၎င်းက ပြောသည်။
.
အဆိုပါ အစည်းအဝေးသို့ UPDJC အဖွဲ့ဝင်အစိုးရ ၊ လွှတ်တော်၊ တပ်မတော်မှ ၁၈ ဦး၊ NCA လက် မှတ်ရေးထိုးထားသည့် EAOs အဖွဲ့ ဝင် ၁၅ ဦး၊ ရွေးကောက်ပွဲ အနိုင်ရ ပါတီ ၂၂ ပါတီမှ ၁၅ ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats