ရှမ်းပြည်နယ် အတွင်း၌ COVID-19 နှင့် ပတ်သက်၍ ဆေးရုံ ၂၃
ခုတွင် COVID-19 နှင့် ပတ်သက်၍
စောင့်ကြည့်လူနာ ၈၉ ဦး၊ သံသယလူနာ ၁ ဦး၊ စုစုပေါင်း လူနာ ၉၀ ဦး ရှိခဲ့ပြီး
ယင်းတို့အား ဓါတ်ခွဲ စမ်းသပ်ချက်အရ လူနာ ၇၇ ဦးတွင် ပိုး တွေ့ရှိခြင်း မရှိဘဲ
ဓါတ်ခွဲ အဖြေစောင့်ဆိုင်းဆဲလူနာ ၁၂ ဦး ရှိကာ ပိုးတွေ့လူနာ ၁ ဦး တွေ့ရှိ (တွေ့ရှိ)
ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ ၃၁ ရက်၊ ည ၈ နာရီက
ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။
.
ကျောက်မဲဆေးရုံမှ COVID-19 လူနာအမှတ် ၁၄
သည် လတ်တလောတွင် ကျန်းမာရေး ကောင်းမွန်နေလျက် ရှိကာ လားရှိုးဆေးရုံသို့
ပြောင်းရွှေ့ ထားရှိပြီး ၄င်းနှင့် ထိတွေ့မှု ရှိခဲ့သူများကို သီးခြား
ထားရှိ၍ စောင့်ကြည့်နေလျက်ရှိကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
.
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စောင့်ကြည့်လူနာ ၅၅၉ ဦး၊ သံသယလူနာ ၂ ဦး၊ စုစုပေါင်း လူနာ ၅၆၁ ဦး ရှိပြီး ပိုးတွေ့(တွေ့ရှိ) လူနာ ၁၅ ဦး( ၁ ဦးသေ)၊ ပိုးမတွေ့လူနာ ၄၆၆ ဦး၊ ဓါတ်ခွဲ အဖြေ စောင့်ဆိုင်းဆဲလူနာ ၈၀ ဦး ရှိကာ ယင်းတို့အား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှု ကုသမှု ပေးလျက် ရှိကြောင်း သိရသည်။
.