စုလှိုင်
.
တောင်ကြီးတက္ကသိုလ်
အထူးပြု ဘာသာရပ် အသီးသီး၏ စာမေးပွဲများကို မတ်လ ၁၈ ရက်မှ ၃၁ ရက် အထိ ကျင်းပလျက် ရှိရာ
လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ COVID-19 ကြောင့် စာမေးပွဲ လာရောက် မဖြေဆိုသူ
ကျောင်းသား/သူ ၈ ဦး ရှိခဲ့ကြောင်း သိရသည်။
.
“မတ်လ ၁၉ ရက်၊ နေ့လယ်
၂ နာရီအထိ ကြေညာချက် ထုတ်ထားခဲ့ပါတယ်” ဟု တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဒေါ်မူမူမြင့်က
ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆင့်မြင့်ပညာ ဦးစီးဌာန၏
၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၈ ရက်စွဲပါ စာအမှတ် အဆင့်မြင့်/ သင်တန်း ညွှန်ကြားချက်၊ ၂၀၂၀
(၄၃၅၁) အရ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ပညာရေးအဖွဲ့ ဆုံးဖြတ်ချက်ဖြင့် စာ မေးပွဲများ
ကို ပြီးဆုံး သည်အထိဆက် လက်ကျင်း ပသွားမည်ဖြစ်ပြီး CO-VID-19 ကြောင့် စာမေးပွဲ မဖြေဆို
လိုသူများကို မတ်လ ၁၉ ရက်၊ မွန်း လွဲ ၂ နာရီ နောက်ဆုံးထား စာရင်းပေးရန် ထုတ်ပြန် ကြေညာ၍
စာရင်း ကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
“၁၉ ရက်က စာရင်းကောက်တာ
စုစုပေါင်း ၈ ယောက် ရှိပါတယ်။ COVID-19 ကြောက်လို့ စာမေးပွဲ နောက်ထပ် လုပ်ပေးမယ်ဆိုရင်
ဖြေလို့ ရမှာလားလို့ မေးတယ်။ အဲဒီလို ပြောင်းပြီး ဖြေလို့ရရင် သူတို့ ဖြေချင် ပါတယ်ပြောလို့
လက်ခံလိုက်တာ စုစုပေါင်း ၈ ဦး ဖြစ်ပါတယ်။ အဆင့် မြင့်ပညာ ဦးစီးဌာနကနေပြီးတော့ စာမေးပွဲ
ပြန်ဖြေခွင့် ပေးသွားမယ်လို့ သိထားတယ်”ဟု တောင်ကြီး တက္ကသိုလ် သင်တန်းရေးရာဌာနမှ ဌာနမှူး
ဒေါ်ဝေဝေနိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထိုသို့ စာရင်း
ကောက်ယူခဲ့ရာတွင် တောင်ကြီးတက္ကသိုလ်၌ စာမေးပွဲ မဖြေဆိုလိုသူ ကျောင်းသား ၄ ဦး နှင့်
ကျောင်းသူ ၄ ဦး ရှိခဲ့ပြီး ၎င်းတို့ အတွက် စာမေးပွဲများကို မေလသို့ မဟုတ် ဇွန်လတွင်
ပြန်လည် ကျင်းပပေးသွားရန် ရှိနေကြောင်း သိရသည်။
.
“စာမေးပွဲ သီးသန့်
လုပ်ပေးရမှာပါသူတို့ ကိုယ်တိုင်ကလည်း နေ သိပ်မကောင်းဘူး။ COVID-19 ကြောက်လို့ ပြောပါတယ်။
ကလေးတွေက အေးအေးဆေးဆေးပါပဲ” ဟု ဒေါ်ဝေဝေနိုင်က ဆက်လက် ပြောဆိုခဲ့သည်။
.
တောင်ကြီး တက္ကသိုလ်တွင်
ကျောင်းသား/သူ စုစုပေါင်း ၈၀၀၀ ကျော် ရှိကာ ပြီးခဲ့သည့် မတ်လ ၆ ရက်က လူစုလူဝေး ပွဲတော်များ
ကျင်းပခြင်း မပြုရန် တိုက်တွန်း နှိုးဆော်ထားသော်လည်း ကျောင်း သင်္ကြန်ပွဲတော်ကို လူဦးရေ
၃၀၀၀ ကျော်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။