ပြည်နယ်ဝန်ကြီးချုပ်ဖလား U-25 ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် တာချီလိတ်ခရိုင်အသင်း ဗိုလ်စွဲ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, March 2, 2020

ပြည်နယ်ဝန်ကြီးချုပ်ဖလား U-25 ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် တာချီလိတ်ခရိုင်အသင်း ဗိုလ်စွဲ


စိုင်းအောင်မြတ် (တောင်ကြီး)
.
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် ခရိုင်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် တာချီလိတ် ခရိုင်အသင်းက လွိုင်လင်ခရိုင်အသင်းကို (၈-၁) ဂိုးဖြင့်အနိုင်ရပြီး ပထမဆုဖလားကို အနိုင်ရဗိုလ်စွဲခဲ့သည်ဟုသိရသည်။
.
 
.
၂၀၂၀ ပြည့်နှစ် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက်ခရိုင်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီလ ၂၇ ရက်က တောင်ကြီးမြို့ရှိ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ တွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ဆုချီးမြှင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား မိုင်းယန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးစိုင်းလှိုင်ခမ်း၊ မောက်မယ်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဖွေးဟွမ်ဦး၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးကျော်ကျော်သိန်းနှင့် ပြည်နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘောလုံးဆပ်ကော်မတီဝင်များ၊က တံခွန်စိုက်ဆုဖလား၊ ငွေသားဆု၊ အကောင်းဆုံး ဆုနှင့် တစ်ဦးချင်း ဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
.
ပြိုင်ပွဲတွင် တာချီလိတ်ခရိုင်အသင်းက ပထမ၊ လွိုင်လင်ခရိုင်အသင်းက ဒုတိယ၊ တောင်ကြီးခရိုင်အသင်းနှင့် ကျိုင်းတုံခရိုင်အသင်းတို့က ပူးတွဲတတိယဆုများ ရရှိခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About